Monday, July 8, 2013

သားဖေါက်သလော

သားဖေါက် သာသနာပြုကြရာဝယ် -------------------------------- စွပ်စွဲချက်ကတော့ လုံးဝ အမိုက်စားပါပဲ။ အစ္စလာမ်ဘာသာဝင်တွေဟာ သားဖေါက်၍လည်း သာသနာ ပြုကြလေသည်တဲ့။ ပြောပုံအရတော့ ပုံမှန် သက်ဝင်ယုံကြည်သူ ရှားပါလို့  မိမိတို့ ကိုယ်တိုင် သားဖေါက်ပြီး လူဦးရေ တိုးပွားအောင် ဖန်တီးကြလေသယောင် ပြောဆိုထားတာ တွေ့ ရ ပါတယ်။ ၁။ - အိမ်ထောင်ပြုခြင်း ၂။ - ထိမ်းမြားနိုင်သည့် အရည်အတွက် ၃။ - သားသမီးမွေးဖွားမှု နှုန်း ၄။ - သာသနာပြု ၁။ အိမ်ထောင်ပြုခြင်း။ လူသားမျိုးဆက် မတိမ်ကော၊ မပပျောက်ရေးအတွက် သာသနာရေးဆိုင်ရာ အထိန်းအကွပ်ဖြင့် အိမ်ထောင်ပြုခွင့်ကို အစ္စလာမ်က ခွင့်ပြုထားသည်။ လူ၏ ပင်ကိုယ် ဗီဇ နှင့် ခန္ဓာဗေဒ ဖွဲ့ စည်းပုံအရ အိမ်ထောင်ပြုခြင်းသည် လိုအပ်ချက်ဖြစ်သည်။ "စင်စစ်ဧကန် ထိုနှလုံးသားကို သပ္ပာယ ဖြစ်အောင် စင်ကြယ် သန့် ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။ သို့ ရာတွင် ထိုနှလုံးသားကို (ဒုစရိုက်များတွင်) နှစ်မြုပ်စေခဲ့သောသူသည် ပျက်စီးဆုံးရှုံးခဲ့ချေပြီတကား။ (ကုရ်အာန် ၉၁း၉ - ၁၀)။ အောင်မြင်ခြင်းနှင့် ဆုံးရှုံးခြင်းသည် နှလုံးသား၏ ဖြူစင်မြင့်မြတ်ခြင်း၌သာ တည်၏။ ကာမဂုဏ် မရှောင်ရှားနိုင်ပဲ ရှောင်းရှား၍ စိတ်နှလုံး ကြပ်တည်းနေသော် စစ်မှန်သော ဝိပဿနာ ရှုရန် ခက်ချေမည်။ ၂။ ထိမ်းမြားနိုင်သည့် အရေ အတွက်နှင့် ပတ်သက်ပြီး " အသင်တို့ သည် (မိန်းမ တစ်ယောက်ထက်ပို၍ ထိမ်းမြားရာတွင်) တရားမျှတမှုကို ပြုနိုင်ကြမည် မဟုတ်ဟု စိုးရိမ်မကင်းဖြစ်ကြပြန်သော် (ဇနီးမိန်းမ) တစ်ဦးတည်းနှင့်ပင် လက်ထပ်ရမည်။" (ကုရ်အာန် ၄း၃)။ " အသင်တို့ သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထားကြသော်လည်း (မိမိတို့ ၏ တစ်ဦးထက်ပိုသော) ဇနီးမိန်းမတို့ ၏ စပ်ကြားဝယ် (အဘက်ဘက်မှ) တရားမျှတအောင် အလျင်းပြုနိုင်ကြမည်မဟုတ်ပေ။" (ကုရ်အာန် ၄း၁၂၉)။ တစ်ဦးထက်ပိုမို၍ ယူခွင့်ကား ရှိ၏ သို့ သော် ကန့်သက်ချက်နှင့် စည်းကမ်းများလည်း ရှိသည်။ အသေးစိတ် သိရှိလိုပါက ဆက်သွယ်ပါ။ ၃။ သားသမီး မွေးဖွားမှုနှူန်း နှင့် ပတ်သက်ပြီး အစ္စလာမ်တွင် ကျန်းမာသော မိဘများဖြစ်ပါက သားသမီး ယူကြရန် မိန့် ထားသည်။ အိမ်ထောင်ရှင်တိုင်း သိထားကြသော အချက်တစ်ချက်မှာ အိမ်ထောင်တစ်ခု ရေရှည် တည်မြဲ ထိမ်းသိန်းလိုလျှင် သားသမီးယူ ဟုဖြစ်သည်။ သားသမီး ရှိမှသာလျှင် မိသားစုဘဝ သာယာမည်ဖြစ်ပြီး မေတ္တာ တရား ပိုမို ခံစား နားလည်လာကြမည်ဖြစ်သည်ကို အိမ်ထောင်ရှိသူတိုင်း သိကြသောအချက်ဖြစ်သည်။ သားသမီး မရသောကြောင့် အနာဂါတ် ကင်းမဲ့နေသော မိဘများလည်း ရှိကြမည်ဖြစ်သည်။ အိမ်ထောင်ရှိလျှင် သားသမီး ရှိ ခြင်းသည် သာမြတ်သည်။ ၄။ သာသနာပြုခြင်း တွင် သားဖေါက်သာသနာပြုလို့  ရကောင်းပါ၏လော။ သားသမီးသည် မွေးဖွားတိုင် အသက်ရှင် ကြီးထွားမည်ဟု အာမခံ နိုင်သလော။ မိဘတို့ သည် မွေးဖွားလာသမျှသော သားသမီးတို့ ကို စား၊ ဝတ်၊ နေ ရေး တို့ ကို တာဝန်အပြည့်ယူနိုင်ကြလော။ လူများများမွေးပြီး သာသနာပြု၍ ရ စတမ်း ဆိုရင် ခရစ်ယာန် တွေ အများဆုံးဖြစ်နေမှာပေါ့။ လူတို့ သည် စဉ်းစားဆင်ခြင်တက်သော သတ္တဝါများဖြစ်ကြသည် ဆိုတာကို လက်ခံတယ်ဆိုရင် ဖြစ်နိုင် မဖြစ်နိုင် အဖြေရမည် ထင်ပါသည်။ မိဘက နက် ကိုးကွယ်တိုင်း သားသမီးများက နက် လိုက်ပြီး ကိုးကွယ်ကြပါသလား။ စဉ်းစား ဆင်ခြင်ကြည့်စေလိုပါသည်။ စကားချပ် - ဦးဝီရသူ ၏ မိခင်သည် နက်ကတော်ဖြစ်သည်။ ကျောက်ဆည်မြို့ မှာ ရှိပါသည်။ ပုဂ္ဂိုလ်ရေး စော်ကားခြင်း မဟုတ်ပါ။ သက်သေပြခြင်းသာဖြစ်ပါသည်။

Welcome