"ပသီ ဘယ်သူလဲ ဘယ်လဲ"
အခြေခံအားဖြင့် အာရဗ် ပါရှန် အန္နိယ(ပါကစ္စတန် ဘင်္ဂါလီ) အာဖဂန် တုရကီ စသည့် လူမျိုးများနှင့် မြန်မာဒေသခံများ လူမျိုးရေးဆက်နွယ်မှု သဘောတရားအရ ပေါင်းဖက်မွေးဖွားလာသူများကို မြန်မာဘုရင်ခေတ်က ပသီ ဟုခေါ်တွင်ခဲ့ပါသည်။ ရာဇဝင်ဆရာကြီး ဦးဘသန်းက ပုဂံသူရဲကောင်း ၇ ဦးရှိခဲ့ရာ ဗျတ္တနှင့်သားနှစ်ဦးဖြစ်ကြသော ရွှေဖျဉ်းညီနောင်တို့ ပသီသူရဲကောင်း အစ္စလာမ်ဘာသာဝင် ၃ ဦးပါဝင်ကြောင်းဖေါ်ပြခဲ့ပါသည်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ ဒေါက်တာခင်မောင်ညွန့်က ပုဂံသူရဲကောင်း ခြေမြန်တော် ဗျတ္တသည် အာရဗ်လူမျိုး အစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်ကြောင်း ဆရာသော်တာဆွေက အနော်ရထာမင်းသည် ဗျတ္တ ကိုးကွယ်သော အစ္စလာမ် ဘာသာကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုခဲ့ကြောင်း မိမိမွေးရပ်မြေ သဲကန္တာရမှ မြင်းနှင့်သက်ဆိုင်သော ပညာရပ်များကို ပုဂံသားတို့အား သင်ပြပေးပြီးစွမ်းရည်ပြလေ့ရှိကြောင်း တို့ကို အတိအကျဖေါ်ပြထားခဲ့ပါသည်။ သတင်းစာဆရာအောင်မိုးကလည်း ပုဂံခေတ် ၃၇ မင်းနတ်တွင် မင်းကြီးမင်းလေး ခေါ်ရွှေဖျဉ်းညီနောင် ပသီ နတ်နှစ်ပါး ပါရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် အတိအလင်းဖေါ်ပြခဲ့ပါသည်။ဟံသာဝတီ ဦးဘရင်ကလည်း အနော်ရထာဘုရင့်ထံတွင် အစ္စလာမ် ဘာသာကိုးကွယ်ကြသော ပသီတပ် တစ်တပ်ရှိကြောင်း ရေးသားထားခဲ့ပါသည်။ သမိုင်းပါရဂူ ဒေါက်တာသန်းထန်းကလည်း အေဒီ ၁၂၂၄ ခုနှစ်လောက်ကပင် ပုဂံခေတ်ကျောက်စာများတွင် ပသီ ဟူသောဝေါဟာရတွေ့ရသဖြင့် အာရဗ်နှင့်တူရကီတို့သည် ပုဂံခေတ်နှင့်ဦးဆုံး အဆက်အသွယ် ရှိနှင့်နေပြီးသားဟု ထောက်ပြခဲ့ပါသည်။ ပသီ(ပသိယ်)လူမျိုး ဝေါဟာရပါ အစေားဆုံး ပုဂံခေတ်ကျောက်စာမှာ မြန်မာသက္ကရာဇ် ၅၈၄ ခုနှစ်ထိုး အနန္တသူ ကျောက်စာဖြစ်ပါသည်။
မြန်မာပြည်အောက်ပိုင်းတွင် အေဒီ ၁၂၂၁ မှစ၍ ၁၂နှစ်တိုင်တိုင် ပုသိမ်မြို့ကို ပသီမင်း ၃ ဆက်ဖြစ်ကြသော ( ပသီမင်း အောင်လံတေမင်း အက္ကပတ်မင်း )တို့ အုပ်ချုပ်ခဲ့သဖြင့် ပသီမြို့ဟု ခေါ်တွင်ခဲ့ပါကြောင်း မြန်မာ့စွယ်စုံကျမ်းကြီးတွင်းလည်းကောင်း ပုသိမ်ရာဇဝင်များတွင်လည်းကောင်း ထင်ထင်ရှားရှားဖေါ်ပြထားပါသည်။
တပင်ရွှေထီးနှင့်ဘုရင့်နောင် တို့တည်ထောင်ခဲ့သော ဒုတိယ မြန်မာနိုင်ငံတော်တွင်လည်း မြန်မာနှင့်မွန် နှစ်ဖက်စလုံးတွင် ဒေသခံ မွတ်စလင်မ်များ အခြေစိုက်နေထိုင်ခဲ့ကြပြီး စစ်ရေး အုပ်ချုပ်ရေး စီးပွားရေး စသည်တို့တွင် သစ္စာရှရှိ တာဝန်ထမ်းရွက်ခဲ့ကြကြောင်း မြန်မာ့ရာဇဝင်ကျမ်းကြီးကျမ်းငယ်များတွင် အထင်ကရ ရှိနေပါသည်။ ထို့ကြောင့် မြန်မာ့သမိုင်းတွင် ပထမဆုံး သန်းခေါင်စာရင်းဟု ယူစနိုင်သော သာလွန်မင်းလက်ထက် အေဒီ ၁၆၂၉-၁၆၄၈ စစ်တမ်းများတွင် ဒေသခံ အစ္စလာမ် ဘာသာဝင် မွတ်စလင်မ်တို့အား ကုလားပျို ပသီ နှင့် တရက်ဟု ဖေါ်ပြထားပါကြောင်း ဒေါက်တာသန်းထွန်းက ၎င်း၏ အသစ်မြင်ဗမာ့သမိုင်း စာအုပ်တွင် ဖေါ်ပြထားပါသည်။ ကုလားပျို ပသီ တို့သည် ဘုရင့်တပ်မတော်မှ သစ္စာရှင် လေးသည်တော်နှင့်သေနတ်စွဲများဖြစ်ကြပါသည်။
အလောင်းဘုရားထူထောင်ခဲ့သော တတိယမြန်မာနိုင်ငံတော် တစ်လျှောက်လုံးတွင်လည်း မြန်မာမွတ်စလင်မ် တို့သည် ပသီ လူမျိုးစုအဖြစ် လုပ်မြေ နေမြေ များဖြင့် နေထိုင်ခဲ့ကြပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး စစ်ရေး စီးပွားရေး လူမှုရေး စသည့် ကဏ္ဍ ရပ်တိုင်းတွင် ရွပ်ရွပ်ချွံချွံ နဲ့ထမ်းရွက်ခဲ့ကြပါသည်။ မြန်မာ့သမိုင်းတွင် ဒုတိယအကြိမ် သန်းခေါင်စာရင်းဟုယူစရပါသော ဘိုးတော်ဘုရားလက်ထက် အေဒီ ၁၇၈၂ -၁၈၁၉ စစ်တမ်းများတွင် ပသီ လူမျိုးစု အခိုင်အမာ တည်ရှိနေပါသည်။ ဘိုးတော်ဘုရား၏ ပြန်တမ်းတစ်ခုတွင် ပသီ တို့အတွက် အာဗိဒ်ရှဟ် ဟုစိုင်နီ သခင်ကြီးကို အစ္စလာမ် သာသနာပိုင် အဖြစ်ခန့်အပ်ခဲကြောင်း ထင်ထင်ရှာရှားဖေါ်ပြထားခဲ့ပါသည်။
၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီ ဘဝရောက်ခဲ့ရာ ဗြိတိသျှအစိုးရ၏ ၁၉၂၂ ခုနှစ် ရန်ကုန်မြို့ မြူနီစီပါယ် အက်ဥပဒေ အရ မြူနီစပါယ် လူကြီး ၄၃ ဦး ရွေးချယ်ခဲ့ရာတွင် ပသီလူမျိုးစုမှ ၄ ဦး ပါဝင်ရမည်ဟု သတ်မှတ်ခဲ့ကြပါသည်။
ဤသို့ အထင်ကရ ပြန်တမ်းဝင်စာရင်း ရှိနေပြီးသော ပသီ လူမျိုးစုများဖြစ်ကြပါသည်။
Credit to> Peace's Sky
===============================================
ပုသိမ်မြို့ အကြောင်း။
-------------
ဘီလူးကျွန်း သက္ကော ဆရာတော်က ပသိန်ခေါ်ခြင်းသည် တလိုင်းစကားဖြစ်သည် ငါတို့  တလိုင်းက ပသိုင် ခေါ်တယ်။ နင်တို့  ဘမာတေက တလိုင်းစကားကို လိုက်၍့ ခေါ်ရာ မပီလို့  ပုသိန်ဖြစ်နေတယ်။ ငါတို့  တလိုင်းက
ဍုန်ပသိုင် ခေါ်တယ်။ ဘမာလို ဍုန် က မြို့  ပသိုင် က ပသီကုလား ခေါ်တယ်။ ဘမာလို ပသီမြို့  ဆိုတယ်ဟု မိန့် တော်မှုသည်ကို မှတ်သားရသည်။ (မော်ပီဆရာသိန်းကြီး၏ ပစပ်ရာဇဝင် မှ - စာမျက်နှာ ၃၁)
============================================
သမိုင်းကျမ်း အထောက် အထားတွေနဲ့လေ့ လာကြည့်ကြရအောင် ။
===================================
(၁) အေဒီ (၆၈၀) လောက်မှာအစ္စလာမ်ဘာသာရဲ့စတုတ္ထ Caliph
ဖြစ်သူအလီအိဗ်နုအဗီသွာလိဗ် ရဲ့ သား တစ်ဦးဖြစ်တဲ့ မုဟမ္မဒ်အိဗ်နု အလ်ဟနဖွီယဟ်
ဟာ ဘင်္ဂလား ပင်လယ်အော် ပင်လယ် ရေ ကြောင်း ကတစ်ဆင့် ရခိုင် ကမ်းရိုးတန်း၊
အဲဒီကတစ်ဆင့် မောင်းတောမြို့ ကိုရောက်ရှိခဲ့ တယ်၊ သူနဲ့ သူ့ဇနီးတို့
ရဲ့သင်္ချိုင်းဂူ ဟာယနေ့တိုင် မောင်းတောတောင်ပေါ်မှာ ရှိပါတယ်လို့ Abul-Fazl
Ezzati က The Spread of Islam စာမျက်နှာ ၃၀၁-၃၃၃ မှာရေးထားပါ တယ်။
(၂) အနော်ရထာမင်းပုဂံမှာ ပထမမြန်မာနိုင်ငံတော် မတည်ခင်၊ အေဒီ (၉)
ရာစုကတည်း က မွတ်စ်လင်မ်တွေ ဟာ ဧရာဝတီမြစ်ဝ ကျွန်းပေါ် တနင်္သာရီ
ကမ်းရိုးတန်းနဲ့ရခိုင် ကို ရောက်ရှိခဲ့တယ် လို့ Moshe Yegar ရဲ့ “The
Muslims of Burma” A study of a minority Group စာမျက်နှာ (၂) မှာရေး
ထားပါတယ်။
(၃) မွတ်စ်လင်မ်တွေဟာ မြန်မာနိုင်ငံကို ကုန်သည်တွေ၊ စစ်အရာရှိ တွေ၊
စစ်သုံ့ပန်းတွေ၊ ကျွန်တွေ အဖြစ်ရောက်ရှိလာတာတွေဖြစ်ပြီး၊ ကနဦးရောက်
လာတဲ့မွတ်စ်လင်မ်တွေဟာ တော်ဝင် အကြံပေး အရာရှိတွေ၊ တော်ဝင်အုပ်ချုပ်ရေး
အရာရှိတွေ၊ ဆိပ်ကမ်းအာဏာပိုင်တွေ၊ မြို့တော်ဝန်တွေ၊ ရိုးရာ ဆေး
ပညာရှင်တွေ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း Moshe Yegar ရဲ့ “The Muslims
of Burma” A study of a minority Group” မှာ ဖတ်ကြည့်နိုင်ပါတယ်။
(၄) အေဒီ (၈၆၀) ခန့်မှာ ပါရှန်းမွတ်စ်လင်မ်တွေ ဟာ တရုတ်ပြည် ယူနန်
နယ်စပ်က တစ်ဆင့်မြန်မာ ပြည်မြောက်ပိုင်းကို ရောက်ခဲ့တယ် လို့ Sayyid
Qudratullah Fatimi က “The role of China in the spread of Islam in South
East Asia” စာမျက်နှာ (၉) မှာရေးသား ထားပါတယ်။
(၅) အာရပ်ကုန်သည်တွေဟာ မုတ္တမနဲ့ မြိတ်တို့ကို ရောက်ရှိ အခြေချနေ
ထိုင်မှုတွေရှိ ခဲ့ပြီး၊ယနေ့ မြိတ်ကျွန်းစုတွေမှာဟိုစဉ်ကအာရပ်
အခြေချနေထိုင်မှု တွေရှိခဲ့တယ်လို့ မောရစ်ကောလစ် က သူ့ရဲ့ Into Hidden Burma
မှာ ရေးသား ထားပါတယ်။
(၆) အင်းဝသိမ်းလောင်းကြက်မြို့ ကို ပြန်လည်သိမ်းပိုက်ဖို့မြောက်ဦး
မင်းဆက် ရဲ့ ပထမဦးဆုံး ဘုရင် ဖြစ် တဲ့ မင်းစောမွန် (နရမိတ်လှ) မင်းမြတ် နဲ့
အတူ ဘင်္ဂလား က ဘင်္ဂါလီ စစ်သည်တော်တွေ ဟာ အေဒီ ၁၄၃၀ မှာ မြောက်ဦးမြို့ကို
ရောက်ရှိ အခြေချနေထိုင်ခဲ့တယ် လို့ မြန်မာရာဇဝင်ကျမ်း အများစု၊
ရခိုင်ရာဇဝင် ကျမ်းအများစု နဲ့နိုင်ငံရပ်ခြားပညာရှင်တွေပြုစုတဲ့
သမိုင်းကျမ်း အစောင် စောင်မှာ ပါရှိပါ တယ်။ နမူနာ အနေနဲ့ G.E Harvey ရဲ့
History of Burma ကို လေ့လာ ကြည့်ပါ။
(၇) အိန္ဒိယမဂိုဘုရင်ဩရန်ဇစ်ရဲ့အကိုရှားဟ်ရှုဂျာဟာမဂိုနန်းတွင်း အရေး
ကြောင့် အိန္ဒိယ ကနေ ထွက် ပြေး တိမ်းရှောင်ရင်းဒါကာမြို့
(ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်) က တစ်ဆင့် အရကန် (ခ) ရခိုင် ကို ၁၆၆၀
ကရောက်ရှိခဲ့ပြီး ရခိုင် မြောက်ဦးဘုရင် စန္ဒသုဓမ္မ ရဲ့
ကတိပေးဖိတ်ခေါ်မှုကြောင့် သူ့ရဲ့ မိသားစု အခြွေအရံ
တို့နဲ့အတူရခိုင်ဘုရင်ရဲ့နန်းတွင်းကိုရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန် က
ရခိုင် (Arakan) ပြည် မှာ ပြည်သား တွေ အဖြစ် မဂို နဲ့ပထန်တွေ အပါအဝင်
မွတ်စ်လင်မ် တွေ အခြေ ချနေ ထိုင်ခဲ့ကြကြောင်း Niccolao Manucci ရဲ့ Storia
Do Mogor အတွဲ (၁) မှာ ပါရှိပါတယ်။ အဲဒီအချိန် က ရခိုင်ပြည်မှာ မဟာမေဒင်
ဘာသာဝင် (မွတ်စ်လင်မ်) တွေ ရှိခဲ့ကြောင်း ဆာအာသာဖဲယာ (Sir Arthur P.
Phayre) ကလည်း သူ့ရဲ့ History of Burma စာမျက်နှာ (၁၇၉) မှာဖော်ပြထား ပါသေး
တယ်။ အထက်ပါ အကိုးအကားတွေက နိုင်ငံရပ်ခြားပညာရှင်တွေရဲ့ ကျမ်းတွေထဲ ကပါ။
အခုဆက်လက်ပြီး မြန်မာနိုင်ငံသားပညာရှင်တွေ ရေးသားထားတာတွေ ကို လေ့လာ
ရအောင်ခင်ဗျာ။
(၈) ဆရာကြီး G.H Luce နဲ့ ဆရာကြီး ဦးဖေမောင်တင်တို့ English
ဘာသာကို ပြန်ထားတဲ့ မှန်နန်း ရာဇဝင် (The Glass Palace Chronicle of the
Kings of Myanmar) စာမျက်နှာ (၇၅) ၊ “Of the mighty men of valour, the
Kala brothers” (စွမ်းပကား သတ္တိကြီးမားသော ကုလား ညီနောင် များ) ခေါင်းစဉ်
ငယ်အောက်မှာ- “ကုလားညီနောင်နှစ်ယောက်ဟာ သထုံအနီး သင်္ဘော ပျက်ရာမှ ပျဉ်ပြား
ချပ်အား မှီတွယ်၍ သထုံသို့ရောက်ရှိခဲ့သည်။” အဲဒီကုလားညီနောင်ဟာ အာရပ်
မွတ်စ်လင်မ် တွေဖြစ်ကြောင်း၊ ဗျတ်ဝိ နဲ့ ဗျတ္တ တို့ ဖြစ်ကြောင်း၊ သထုံမင်း
ဟာ အကိုကြီးကို ကွပ်မျက်ခဲ့ကြောင်း၊ ညီဟာ အနော်ရထာ မင်းကြီးထံမှာ
အမှုတော်ထမ်းခဲ့ကြောင်း၊ ပုပ္ပါးကအမျိုးသမီးတစ်ဦး နဲ့ အကြောင်း ပါပြီး
ရွှေဖျင်းကြီး၊ရွှေဖျင်းလေးအမည်ရတဲ့သားနှစ်ယောက် ထွန်းကားခဲ့ ကြောင်း
အမျိုးသား ပညာဝန် ဦးဖိုးကျား အပါအဝင် မြန်မာ့သမိုင်းပညာရှင်များ က
ဝန်ခံထားကြပါ တယ်။
(၉) မြန်မာသက္ကရာဇ် ၅၉၅ (အေဒီ ၁၂၃၅) မတိုင်ခင် မှာ ပုသိမ်မြို့ကို
ကုလားပသီမင်း တွေအုပ်စိုးခဲ့ပြီး ၅၉၅ မှာတော့ ဂုဏ္ဏသာရ နဲ့ ဂုဏ္ဏသာရီ
အမည်ရှိကြတဲ့ မွန်ညီနောင်နှစ်ပါး က ပသီမင်းကိုလုပ်ကြံပြီး အစဉ်အဆက်
စိုးစံခဲ့ကြတယ် လို့ မြန်မာ့စွယ်စုံကျမ်း အတွဲ (၆) ၊ စာမျက်နှာ (၃၅၀)၊
“ပုသိမ်” entry မှာ ပါရှိပါတယ်။
(၁၀) အင်းဝ အိမ်ရှေ့မင်းသား မင်းဖြူ (ခ) မင်းရဲကျော်စွာ ဟာ အေဒီ
၁၄၁၄ မှာ ပုသိမ်မြို့ကို ချီတက် လာတော့ ပုသိမ်မြို့နေ ကုလား
ပန်းသေးမြို့သားတွေ က ရွှေငွေပုဆိုးကောင်း၊ ကတ္တီပါ သက္ကလတ်၊ ပရပတ် နီပါး
ဆက်သခဲ့ တယ် လို့ မြန်မာမင်းများ အရေးတော် ပုံကျမ်း၊ စာမျက်နှာ (၂၄၅) မှာ
ပါရှိပါတယ်။
(၁၁) မင်းတရားရွှေထီးဟာ သုရှင်တကာရွတ်ပိရဲ့ ဟံသာဝတီကို တိုက်
ဆင်ခြောက်ဆယ်၊ မြင်းရှစ်ရာ၊ စစ်သူရဲခြောက်သောင်း နဲ့ လုပ်ကြံတော့ ကုလား
ပန်းသေးတွေ က မြို့ထိပ်ကနေ စိန်ပြောင်း မြတပူ နဲ့ပစ်ခတ်တဲ့ အတွက်
ဆက်လက်မတတ်နိုင်ဘဲသုံးလ အကြာမှာ ကေတုမတီမြို့ ကို ပြန်တော်မူခဲ့ရ
ကြောင်း မှန်နန်းရာဇဝင်- တောင်ငူမင်းဆက် (သီဟရတနာ ပုံနှိပ်တိုက် ၃ တွဲပေါင်းချုပ်) စာမျက်နှာ (၄၀၄) မှာ ပါရှိပါတယ်။
(၁၂) မင်းတရားရွှေထီး ဟာ မုတ္တမ ကို အေဒီ ၁၅၄၀ ခန့်မှာ ကြည်းရေ
ပေါင်းလုပ်ကြံ တော့ ကုလား ပန်းသေး တွေကသင်္ဘော ခုနှစ်စင်းထက် က
အမြောက်ကြီးမြတပူနဲ့ ပစ်တဲ့အတွက် မြို့ကိုဝင်နိုင်ခြင်း မရှိခဲ့
ကြောင်း၊ နောက်တော့ မီးရှူးဖောင် တွေ စီရင်ပြီး အဲဒီ သင်္ဘောတွေကို လုပ်ကြံ
ခဲ့တဲ့အတွက် သင်္ဘောသား တစ်ချို့ မီးလောင်သေပြီးသင်္ဘောသားတစ်ချို့ ကို
အရှင်ဖမ်း မိခဲ့ကြောင်း တွင်းသင်း တိုက်ဝန် မဟာစည် သူဦးထွန်းညို ပြုစုတဲ့
မဟာရာဇဝင်သစ် (တောင်ငူ ဆက်) ဒုတိယတွဲ စာမျက်နှာ (၃၅) နဲ့ (၃၇) မှာ
မှတ်တမ်းတင်ထားတာ တွေ့ရ ပါတယ်။
(၁၃) မြန်မာသက္ကရာဇ် ၉၀၅ ခုမှာ မင်းတရားရွှေထီး ပြည်မြို့ကို ဒုတိယ
အကြိမ် ချီတက်လုပ်ကြံရာမှာ ကုလားပန်းသေးတို့ကိုလည်း အထူးထူးသောဦးရစ်
ဘောင်းဘီတို့နဲ့တန်ဆာဆင်ယင်စိန်ပြောင်း မြတပူ ကိုင်စွဲလျှက် လိုက်စေတယ်
လို့ ကထိကဦးစိန်လွင်လေး ဝိဇ္ဇာ (ဂုဏ်ထူး)၊ ဒီဂျေ ပြုစုတဲ့ မင်းတရားရွှေထီး
နှင့် ဘုရင့်နောင်ကေတုမတီ တောင်ငူရာဇဝင် စာမျက်နှာ (၂၀၄) မှာပါရှိပါတယ်။
(၁၄) အေဒီ (၁၆၁၃) မှာ သန်လျှင်မြို့စား ငဇင်ကာ ငှါးရမ်းခဲ့တဲ့
ကုလား ပသီ (၂၀၀၀) ကျော် ကို အနောက်ဘက်လွန်မင်းက ဖမ်းဆီး ခဲ့ပြီး
နောက်ပိုင်းမှာ အဲဒီ ကုလား ပသီတွေကို ရွှေဘိုမြို့ မြောက်ဖက် နဲ့
အင်းဝမြို့မြောက်ဖက်တို့မှာ အစုခွဲပြီးနေရာချထား ခဲ့တယ်လို့ ဆရာမောင်
ကျော်ရှင်း ရဲ့ ၁၉၉၇ ခုနှစ်စာပေဗိမာန် စာမူဆုရ “မြေတူမြို့” စာအုပ်
စာမျက်နှာ ၆၀-၆၁ တို့မှာ ရေးသား ထား ပါတယ်။
(၁၅) ညောင်ရမ်းခေတ်တွင်မြေတူမြို့၌ လုပ်မြေနေမြေပေး၍ချထားခြင်း
ခံရသော ပသီ ကုလား များသည် လည်း မြန်မာ၊ရှမ်း၊ကတူး
စသောတိုင်းရင်းသားများနှင့်အတူလက်တွဲလျှက် ပြည်တွင်း ပြည်ပ ရန်သူ
ဟူသမျှကိုသစ္စာ ရှိရှိတာဝန် သိသိ တိုက်ခိုက်ချေမှုန်းခဲ့ကြပါ သည်။ မြေတူမြို့
မှပသီ ကုလားများသည် လည်း အမြောက်တပ်များတွင်ပါဝင်ထမ်းဆောင်
ခဲ့ကြောင်း..မြေတူပသီများ သည်မြင်း တပ်၊သေနပ် ကိုင်တပ်စသော တပ်များတွင်လည်း
သစ္စာရှိရှိတာဝန်သိသိစစ်မှုထမ်းဆောင် ခဲ့ကြကြောင်း သိရှိရပါသည်။
(ဆရာမောင်ကျော်ရှင်း၏ ၁၉၉၇ ခုနှစ် စာပေဗိမာန် စာမူဆုရ “မြေတူမြို့” စာအုပ် စာမျက်နှာ ၁၃၃)။
mmsy.org မှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment