Friday, November 27, 2015

တရုတ်နိုင်ငံက မြန်မာအစိုးရသို့ ရဲကား ၅၀၅ စီး လှူဒါန်း

တရုတ်အစိုးရက မြန်မာအစိုးရသို့ ရဲကား ၅၀၅ စီး ယနေ့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါမော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E Mr. Li Keqiang မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် လာရောက်သည့်ခရီးစဉ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ တရားဥဒေစိုးမိုးရေးဆောင်ရွက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်ပြီး Pick up ၂၄၅ စီး၊ Truck ၁၃၅ စီး၊ Saloon ၁၂၀ စီးနှင့် Dump Truck ၅ စီး စုစုပေါင်း ၅၀၅ စီးဖြစ်ပြီး စုစုပေါင်းတန်ဘိုးမှာ တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖြစ်ကြောင်း သိရှိရသည်။
ရဲကားများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီးကိုကို ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းနှင့် တရုတ်နိုင်ငံ၊ သံအမတ်ကြီး H.E Mr. Hong Liang အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
(ဓာတ်ပုံ-ရဲဇာနည် သတင်းနှင့် ဓာတ်ပုံ ဖြစ်ပါသည်)

Welcome