Sunday, June 30, 2013

နလန္ဒတက္ကသိုလ်

အနာဟောင်း ပြန်ဆွခြင်း ------------------------ အရိုးသားဆုံး ဝန်ခံပါ မိတ်ဆွေ။ မြန်မာပြည်မှာ ရှိနေတဲ့ သံဃာ အချို့ အပါအဝင် သာမန် ပြည်သူ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေဟာ အိန္ဒိယနိုင်ငံ မှာ ရှိခဲ့ဘူးတဲ့ နလန္ဒတက္ကသိုလ် ဆိုတာကို သိကြပါသလား။ သိလျှင်ကော ကုန်လွန်ခဲ့ပြီဖြစ်သော ခေတ်ကာလများမှ အမှုဟောင်းများကို အဘယ်ကြောင့် အသက်သွင်းပြီး အမုန်းတရာ ပြန့် ပွားစေလိုရသနည်း။ မြန်မာ ဗုဒ္ဓဘာသာ ရဟန်း တစ်ပါး က မွတ်စလင်မ် ကုလားတွေက နလန္ဒ တက္ကသိုလ်ကို မီးရှို့ ဖျက်စီး ခဲ့ကြတယ်။ ကိုယ်တော်တွေ နဲ့  စာသင်သားတွေကို သက်ဖြတ်ခဲ့ကြတယ် တဲ့။ ကျွန်တော် သိ သလောက် အဲဒီ ရဟန်း (ဘုန်းကြီး) ဟာ မြန်မာပြည်မှ အပ အခြား တိုင်းပြည်များကို ရောက်ဖူးသူလည်း မဟုတ်သလို အခြား ပါဠိ မှ အပ အခြား ဘာသာစကား ကျွမ်းကျင်သူလည်းမ ဟုတ်ပါဘူး။ ရှိပါစေ... အကြင် ရဟန်း သည် ပသို့ သော ရဟန်းပင်ဖြစ်စေကာမှု ရဟန်း၏ ဟောပြောချက်တို့ ကို မျက်စိမှိတ် ယုံကြည်သူ တို့ ကား သာ၍ပင် ထူးခြားခြေ၏။ xxxxxxxxxxxxxxx နလန္ဒတက္ကသိုလ် ဖျက်စီးခံရမှု ------------------------------ မဟာယန ဗုဒ္ဓဘာသာဝင်တို့ ၏ နလန္ဒတက္ကသိုလ်ကို ဦးစွာပထမ ဖျက်ဆီးသူတို့ မှာ ဟန်တရုတ်များ ဖြစ်ပါတယ်။ အေဒီ ၄၅၅-၄၆၇ မှာ ဖြစ်ပါတယ်။ ထိုအချိန်မှာ အာရေဗျတိုက်မှာ တမန်တော်မြက်(ဆွ) ဖွားပွင့်တော် မမှုသေးပါဘူး။ ဒုတိယအကြိမ် AD (၇) ရာစု တွင် ဖျက်စီးသူတွေက အိန္ဒိယနိုင်ငံ မှ Gaudas ဖြစ်ပါတယ်။ ဟိန္ဒူဘုရင် Harsha Vardhana က (၆၀၆-၆၄၈) ခုနှစ်မှာ ပြန်လည်ပြုပြင်ပြီး ဟိန္ဒူ ဓမ္မ နလန္ဒ မှာ လွှမ်းမိုး စေခဲ့တာပါ။ တတိယအကြိမ် မှာ အာဖဂန်ဖက်မှ ဘက္ခ်တီယာ ခိလ်ဂျီ ခေါ်သည့် မွတ်စလင်ဘုရင် ဝင်ရောက် ဖျက်စီးခဲ့တာပါ။ ဒါပေမယ့် ဖျက်စီးမှု အတိုင်းအတာမှာ ပထမ နှစ်ကြိမ်လောက် မကြီးမားခဲ့လို့  ၁၂၃၅ ခုနှစ်မှာ တိဗက်ဘာသာပြန်ဆရာ "Chag Lotsawa" နလန္ဒတက္ကသိုလ် သို့ ရောက်ရှိစဉ်တွင် ရဟန်းတချို့ နှင့် တက္ကသိုလ် ဆက်လက် လှုပ်ရှား တည်ရှိနေကြောင်း မှတ်တမ်းတင်ခဲ့တာ ရှိပါတယ်။ အဆိုပါ ဘုရင်အနေဖြင့် နလန္ဒတက္ကသိုလ်ကို တိုက်ခိုက်ခဲ့ခြင်းမှာ သူစစ်ချီရာ လမ်းကြောင်းပေါ်မှာ ထိုတက္ကသိုလ် ရှိနေ၍ ရန်သူများ ခိုအောင်းနေခြင်းအား ဖယ်ရှားတိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သမိုင်း သုတေသီတို့ က သုံးသပ်ထားသည်တို့ ရှိပါတယ်။ ယင်းတို့  ထောက်ပြသည့်အချက်မှာ စစ်ချီရာလမ်းကြောင်းတွင် မရှိသည့် ဗုဒ္ဓဂါယာ နှင့် အခြားသာသနိက အဆောက်အအုံများ လုံးဝ တိုက်ခိုက်ခံရခြင်း မရှိခြင်းဆိုသည့် အချက်ဖြစ်ပါတယ်။ ဘင်္ဂလားပြည်နယ်မှာ "Jagaddala" ဘုန်းတော်ကြီး ကျောင်းကဲ့သို့  သာသနိက အဆောက်အအုံများ ထိုအချိန်မှာ စည်ပင်ထွန်းကားပြီး သာသနာရေးရာတွေကို တက်တက်ကြွကြွ ဆောင်ရွက်လျက် ရှိခဲ့တာကို သုတေသနပြုလုပ် ဖေါ်ပြကြပါတယ်။ နလန္ဒ တက္ကသိုလ် ကို ဘက္ခ်တီယာခိလ်ဂျီ၏ ဖျက်ဆီးမှုမှာ ဘုရင်တစ်ဦး၏ ၄င်းနှင့် ခေတ်ပြိုင် နယ်ချဲ့  ပဒေသရာဇ် ဘုရင်များ အကျင့်အမှုအတိုင်း လုပ်ဆောင်ခဲ့သော နိုင်ငံရေးကိစ္စ တစ်ခုသာ ဖြစ်ပါတယ်။ ထိုဘုရင်၏ လုပ်ရပ်ကို ရှုံ့ ချ ကန့်ကွက်သည့် လေသံအပြည့်အဝဖြင့် မှတ်တမ်းတင်ခဲ့သူမှာ ပါရှားမုစ်လင်မ်သမိုင်းပညာရှင် မီ(ရ်)ဂျာဟီဆီရာ(ဂ်ျ) "Mirjah-I-Siraj" ဖြစ်ပါတယ်။ သူရဲ့  တဘာကွဒ်တီနပ်စ်စီရီ "Tabaquat-I-Nasiri" သမိုင်းကျမ်းမှာ ယင်း အနိဌာရုံကို ကွက်ကွက်ကွင်းကွင်း ဖေါ်ပြထားပါတယ်။ နလန္ဒ တက္ကသိုလ် တတိယအကြိမ် ဖျက်ဆီးခံရမှုကို သမိုင်းပညာရှင် အဆက်ဆက်တို့ သည် အဆိုပါ မွတ်စလင်မ် သမိုင်းပညာရှင် မီရ်ဂျာဟီဆီရာဂ်ျ ရဲ့  သမိုင်းကျမ်း တစ်ခုတည်းကိုသာ လက်ကိုင်ပြု ကိုးကားခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ၏ မွတ်စလင်မ် သမ္မတကြီးဖြစ်ခဲ့သူ ဒေါက်တာ အဗ္ဗဒူလ် ကလမ် အနေဖြင့် နလန္ဒတက္ကသိုလ်၏ ပညာရေး အဖွဲ့ ဝင်ဖြစ်ပြီး တက္ကသိုလ်ကြီးကို တိုးတက်အောင် ဆောင်ရွက်နေသည်။ (News Post India, June 12, 2007). သေသေချာချာ စဉ်းစားချင့်ချိန်ကြဖို့ လိုပါလိမ့်မယ်။ ပဒေသရာဇ် အာဏာရှင်တွေ ခေတ်မှာ လုပ်ခဲ့ကြတဲ့ အပြုအမှုတွေ ကို ရာဇဝတ် အကြွေးအဖြစ် မှတ်ယူကြမယ်ဆိုရင် အနော်ရထာ၊ ဘုရင့်နောင် တို့  လက်ထက်မှာ ယိုးဒယား ကို စစ်ချီရင်း ကျူးလွန်ခဲ့ကြတဲ့ အမှုတွေကို ဘယ်လို ယူဆမလဲ မိတ်ဆွေ။ ထိုင်းလူမျိုး ကလေးသူငယ်တွေကို မောင်းနဲ့ ထောင်းသက်တာ။ လူတွေကို မိုးပေါ် မြှောက်ပြီး လှံထောင် သက်တာတွေ ဒီလို လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာ က လုပ်တာ လို့  စွပ်စွဲ ချင်ရင်လဲ စွပ်စွဲကြပေါ့။ ဂျာမဏီ က ဟစ်တလာ ဟာ ခရစ်ယာန် ဘာသာဝင် တစ်ယောက်ပါ။ ဂျူး တွေကို သန်းချီပြီး သုတ်သင်ခဲ့တာ ကို ခရစ်ယာန် ဘာသာဟာ အကြမ်းဖက် ဘာသာဖြစ်တယ်၊ လူသက်တယ်လို့  ပြောချင်လည်း ပြောပေါ့ဗျာ.....

Friday, June 28, 2013

ထောက်ပံ့ကြေးများလည်းရလို၏

နောက်တစ်မျိုး ရှိသေးတယ်ဗျ... ထောက်ပံ့ကြေး တဲ့။ ဆော်ဒီအာရေဗျ မှာ ရှိတဲ့ ရေနံသူဌေးများက မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင်များကို နှစ်စဉ် ဒေါ်လာ ထောင်ချီ ပေးပြီး ထောက်ပံ့နေတယ်တဲ့။ ဗလီ တွေကနေ ဦးဆောင်ကွပ်ကဲပါတယ်။ အစ္စလာမ် ဘာသာဝင် တစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို လက်ထပ်နိုင်ရင် လစဉ် ထောက်ပံ့ကြေး ရသတဲ့။ နှိပ်ဟ.... ဒီလို အစီအစဉ်မျိုး သာ တစ်ကယ်ရှိရင် တစ်ကယ်ပြောတာ ကျွန်တော် မိန်းမတွေ အများကြီး ယူဖြစ်မှာပဲ။ ပြောသေးတယ်ဗျ.. ရာထူးအလိုက် အဆင့်အလိုက် လစာ အနည်း အများ ရှိသတဲ့... ဟီး..... ဂေါပက သမီး ဆို ငွေတော်တော် ရတယ်ဆိုပဲ။ အမလေး ပေါမှပေါ ရွာဘုန်းကြီးကျောင်းတွေ၊ တောသူတွေ၊ မြို့ သူတွေလည်းပါ ပါတယ်။ ခင်ဗျား ကျွန်တော် သိပြီးသားပဲဗျာ... မိန်းမ ဆိုတာမျိုးက (နှိမ်ပြောတာမဟုတ်ပါဘူး) အပြောကောင်းရင် ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ရဖို့ ပြောတာပါ။ ဘာလို့  ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေမလဲဗျာ... ကောင်းကောင်းမွန်မွန် ဝတ်စားပြီး ဗုဒ္ဓဘာသာ ကောင်မလေးတွေ ကျက်စားတက်တဲ့ နေရာမျိုးမှာ တစ်နေကုန် စော် ရှိုးနေမလားလို့ ။ အံ့သြစရာ မဟာပညာရှိများရဲ့  ပညက်များပါပဲ။ ပြောသာပြောနေကြတာဗျ.. ဘယ်ဗလီကပေးလဲ လို့ မေးတော့ ဟိုလိုလို ဒီလိုလို နဲ့ .... ကျွန်တော် သွားလျှောက်ချင်လို့ ပါ။ ထောက်ပံ့ကြေး ပေးတဲ့ ဗလီ များ သိရင် သတင်းပေးကြပါဦး။ လိုချင်လို့ ... မိန်းမလည်းရ ပိုက်ဆံလည်း ရ..... သြော် လောက လောက.....

Not a funny Joke!

ရယ်စရာမကောင်းတဲ့ ပျက်လုံး ------------------------------ မြန်မာဘုန်းတော်ကြီး တစ်ပါးပဲဗျ။ အစ္စလာမ် ဆန့် ကျင်ရေး ဟော တာပါ။ သူက တစ်ချက် ဘာပြောလဲ ဆိုတော့ မွစ္စလင်မ် တွေဟာ သာသနာပြုရတာ သိပ်ကို လွယ်ပါတယ်တဲ့။ သူတို့  ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာ အာပေါက်အောင် ဟောရ ပြောရတယ်တဲ့။ မွစ္စလင်မ် များကတော့ ဓါး နဲ့ ထောက်ပြီး အစ္စလာမ်ကို လက်ခံမှာလား အသက် ခံမှာလား နှစ်မျိုးပဲ မေးတယ်တဲ့။ လက်ခံရင် ဆက်ထားမယ် လက်မခံရင် သက်ပြစ်လိုက်တယ်ပေါ့။ ခင်ဗျား ကျွန်တော် ထမင်းစားတဲ့ ဦးနှောက်နဲ့  စဉ်းစားကြည့်ရအောင်ဗျာ။ ဥပမာ ဆိုကြပါစို့  စာရှုသူ မိတ်ဆွေဟာ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်။ အဲဒီမှာ ကျွန်တော်က ခင်ဗျား အစ္စလာမ်ကို လက်ခံရင် အသက်ရှင်မယ်၊ လက်မခံဘူးဆိုရင် အခုချက်ချင်း ခင်းဗျားကို ဒီနေရာမှာပဲ သက်ပြစ်လိုက်မယ်လို့ ပြောမယ်ဗျာ။ လူကြီးမင်း ဘာလုပ်မလဲ။ အင်အားခြင်း မမျှလို့  အခြေအနေအရ ခေါင်းညိတ်ခဲ့တယ် ဆိုရင်တောင် လူကြီးမင်းရဲ့  ရင်ထဲမှာ တစ်ကယ် မရှိတဲ့ ယုံကြည်မှုကို ရေရှည် ထိန်းထားနိုင်ပါ့မလား။ ကျွန်တော့်ကို လည်း မေးမယ်၊။ အေး မင်း ဗုဒ္ဓဘာသာ ခံယူရင် ယူ မယူရင် သက်မယ်ဆိုရင် ကျွန်တော်က သေမှာ အသက်ခံရမှာကြောက်လို့  ဟုတ်ကဲ့ လို့ ပြောချင်ပြောလိုက်မှာပေါ့။ ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော့်ရဲ့  ဆန္ဒမပါပဲ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ဘယ်နနှစ် ဆက်ပြီး ခံယူနေနိုင်မလဲ။ လူတစ်ယောက်ကို အသက်အန္တရာယ် ချိန်းခြောက်ပြီး သာသနာပြုလို့ ရမယ်ဆိုရင် ဒီနေ့  တစ်ကမ္ဘာလုံး ဟာ ခရစ်ယာန် တွေချည်း ဖြစ်နေတော့မှာပေါ့။ ဟုတ်ဘူးလား မိတ်ဆွေ။ တွေးဆဆင်ခြင်ကြည့်ပါ။

Welcome