Friday, June 28, 2013
ထောက်ပံ့ကြေးများလည်းရလို၏
နောက်တစ်မျိုး ရှိသေးတယ်ဗျ...
ထောက်ပံ့ကြေး တဲ့။
ဆော်ဒီအာရေဗျ မှာ ရှိတဲ့ ရေနံသူဌေးများက မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ် ဘာသာဝင်များကို နှစ်စဉ် ဒေါ်လာ ထောင်ချီ ပေးပြီး ထောက်ပံ့နေတယ်တဲ့။ ဗလီ တွေကနေ ဦးဆောင်ကွပ်ကဲပါတယ်။ အစ္စလာမ် ဘာသာဝင် တစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးကို လက်ထပ်နိုင်ရင် လစဉ် ထောက်ပံ့ကြေး ရသတဲ့။ နှိပ်ဟ.... ဒီလို အစီအစဉ်မျိုး သာ တစ်ကယ်ရှိရင် တစ်ကယ်ပြောတာ ကျွန်တော် မိန်းမတွေ အများကြီး ယူဖြစ်မှာပဲ။ ပြောသေးတယ်ဗျ.. ရာထူးအလိုက် အဆင့်အလိုက် လစာ အနည်း အများ ရှိသတဲ့... ဟီး..... ဂေါပက သမီး ဆို ငွေတော်တော် ရတယ်ဆိုပဲ။ အမလေး ပေါမှပေါ ရွာဘုန်းကြီးကျောင်းတွေ၊ တောသူတွေ၊ မြို့ သူတွေလည်းပါ ပါတယ်။ ခင်ဗျား ကျွန်တော် သိပြီးသားပဲဗျာ... မိန်းမ ဆိုတာမျိုးက (နှိမ်ပြောတာမဟုတ်ပါဘူး) အပြောကောင်းရင် ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ရဖို့ ပြောတာပါ။ ဘာလို့  ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေမလဲဗျာ... ကောင်းကောင်းမွန်မွန် ဝတ်စားပြီး ဗုဒ္ဓဘာသာ ကောင်မလေးတွေ ကျက်စားတက်တဲ့ နေရာမျိုးမှာ တစ်နေကုန် စော် ရှိုးနေမလားလို့ ။ အံ့သြစရာ မဟာပညာရှိများရဲ့  ပညက်များပါပဲ။ ပြောသာပြောနေကြတာဗျ.. ဘယ်ဗလီကပေးလဲ လို့ မေးတော့ ဟိုလိုလို ဒီလိုလို နဲ့ .... ကျွန်တော် သွားလျှောက်ချင်လို့ ပါ။ ထောက်ပံ့ကြေး ပေးတဲ့ ဗလီ များ သိရင် သတင်းပေးကြပါဦး။ လိုချင်လို့ ... မိန်းမလည်းရ ပိုက်ဆံလည်း ရ..... သြော် လောက လောက.....
Labels:
ပြည်တွင်းသတင်းများ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment