Friday, June 28, 2013
Not a funny Joke!
ရယ်စရာမကောင်းတဲ့ ပျက်လုံး
------------------------------
မြန်မာဘုန်းတော်ကြီး တစ်ပါးပဲဗျ။ အစ္စလာမ် ဆန့် ကျင်ရေး ဟော တာပါ။ သူက တစ်ချက် ဘာပြောလဲ ဆိုတော့ မွစ္စလင်မ် တွေဟာ သာသနာပြုရတာ သိပ်ကို လွယ်ပါတယ်တဲ့။ သူတို့  ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာ အာပေါက်အောင် ဟောရ ပြောရတယ်တဲ့။ မွစ္စလင်မ် များကတော့ ဓါး နဲ့ ထောက်ပြီး အစ္စလာမ်ကို လက်ခံမှာလား အသက် ခံမှာလား နှစ်မျိုးပဲ မေးတယ်တဲ့။ လက်ခံရင် ဆက်ထားမယ် လက်မခံရင် သက်ပြစ်လိုက်တယ်ပေါ့။ ခင်ဗျား ကျွန်တော် ထမင်းစားတဲ့ ဦးနှောက်နဲ့  စဉ်းစားကြည့်ရအောင်ဗျာ။ ဥပမာ ဆိုကြပါစို့  စာရှုသူ မိတ်ဆွေဟာ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်။ အဲဒီမှာ ကျွန်တော်က ခင်ဗျား အစ္စလာမ်ကို လက်ခံရင် အသက်ရှင်မယ်၊ လက်မခံဘူးဆိုရင် အခုချက်ချင်း ခင်းဗျားကို ဒီနေရာမှာပဲ သက်ပြစ်လိုက်မယ်လို့ ပြောမယ်ဗျာ။ လူကြီးမင်း ဘာလုပ်မလဲ။ အင်အားခြင်း မမျှလို့  အခြေအနေအရ ခေါင်းညိတ်ခဲ့တယ် ဆိုရင်တောင် လူကြီးမင်းရဲ့  ရင်ထဲမှာ တစ်ကယ် မရှိတဲ့ ယုံကြည်မှုကို ရေရှည် ထိန်းထားနိုင်ပါ့မလား။ ကျွန်တော့်ကို လည်း မေးမယ်၊။ အေး မင်း ဗုဒ္ဓဘာသာ ခံယူရင် ယူ မယူရင် သက်မယ်ဆိုရင် ကျွန်တော်က သေမှာ အသက်ခံရမှာကြောက်လို့  ဟုတ်ကဲ့ လို့ ပြောချင်ပြောလိုက်မှာပေါ့။ ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော့်ရဲ့  ဆန္ဒမပါပဲ ဗုဒ္ဓဘာသာဝင်အဖြစ်ကို ဘယ်နနှစ် ဆက်ပြီး ခံယူနေနိုင်မလဲ။ လူတစ်ယောက်ကို အသက်အန္တရာယ် ချိန်းခြောက်ပြီး သာသနာပြုလို့ ရမယ်ဆိုရင် ဒီနေ့  တစ်ကမ္ဘာလုံး ဟာ ခရစ်ယာန် တွေချည်း ဖြစ်နေတော့မှာပေါ့။ ဟုတ်ဘူးလား မိတ်ဆွေ။
တွေးဆဆင်ခြင်ကြည့်ပါ။
Labels:
ပြည်တွင်းသတင်းများ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment