Friday, March 13, 2015
ဂျာမနီမှာ မွတ်စလင်မ် ကျောင်းဆရာတွေ ခေါင်းစည်း စည်းတာ တားမြစ်မှု ရုပ်သိမ်း။
ဂျာမနီ မှာ မွတ်ဆလင် ကျောင်းဆရာ တွေကို ခေါင်းစည်း စည်းတာကို တားမြစ်တဲ့ အမိန့်ကို အမြင့်ဆုံး တရားရုံးက ပြန် ရုပ်သိမ်း ပေးခဲ့ပါတယ်။
၂ဝဝ၃ ခုနှစ်က ဆုံးဖြတ်ချက်ဟာ ဘာသာရေး လွတ်လပ်ခွင့် ကို ချိုး ဖောက် နေတယ်လို့ အခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ် ခဲ့ပါတယ်။
မွတ်ဆလင် ကျောင်းဆရာမ တယောက် အလုပ်လျှောက်တာ မအောင်မြင် ခဲ့ရာက ဒီအမှု တရားရုံးကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။
ထိပါးနှောင့်ယှက်မှု ကြီးကြီးမားမား ရှိမှသာ ဘာသာရေး အထိမ်းအမှတ်တွေကို တားမြစ် နိုင်တယ်လို့ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်က ဖော်ပြ ထားပါတယ်။
Labels:
နိုင်ငံတကားသတင်းများ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment