Tuesday, April 28, 2015

IS အဖွဲ့သား ၉၃ ယောက်ကို ဆော်ဒီ ဖမ်းမိ



ဆော်ဒီ အာရေဗျ နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ အဖွဲ့သားတွေလို့ သံသယရှိတဲ့ ၉၃ ယောက်ကို ဖမ်းမိခဲ့ပြီး အကြမ်းဖက်မှု တချို့ကိုလည်း ကြိုတင် တားဆီး နိုင်ခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ကတည်းက လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး အဖမ်းခံရသူတွေ ထဲမှာ ဆော်ဒီ နိုင်ငံသား ၇၇ ယောက် ပါဝင်တယ်လို့ ဆော်ဒီ သတင်း အေဂျင်စီက ဖော်ပြပါတယ်။

အဲဒီ လူတွေဟာ လူအရောက် နည်းတဲ့ ဒေသတွေမှာ လေ့ကျင့်ရေး စခန်းတွေ တည်ဆောက်ပြီး အသေခံ ဗုံးခွဲမှုတွေ လုပ်ဖို့လည်း စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိက ပစ်မှတ်တွေ ထဲမှာ မြို့တော် ရီယတ်မှာ ရှိတဲ့ အမေရိကန် သံရုံးလည်း ပါဝင်တယ်လို့ ယူဆကြပါတယ်။

ဆီးရီးယားနဲ့ အီရတ်က နယ်မြေ အများအပြားကို သိမ်းပိုက်ထားတဲ့ IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ထဲမှာ ဆော်ဒီနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။



Credit to> BBC Burmese.

No comments:

Post a Comment

Welcome