Sunday, April 26, 2015

နီပေါ ငလျင်။

နီပေါနိုင်ငံမှာ စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် လူနှစ်ထောင်ကျော် သေဆုံးခဲ့ရအပြီး တရက်အကြာ ဒီကနေ့မှာ ပြင်းအားကြီး နောက်ဆက်တွဲ ငလျင်ကြီးတခု ထပ်လှုပ်ခဲ့ပါတယ်။
ပြင်းအား ၆.၇ ရှိတဲ့ အဲဒီ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ခတ္တမန္ဒူမြို့တော်နဲ့ အနီးတဝိုက်ဒေသတွေမှာ လူတွေ ဘေးလွတ်ရာ ဟင်းလင်းပြင်နေရာတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး အထောက်အပံ့တွေနဲ့အတူ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေက ဆရာဝန်တွေ၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေ နီပေါနိုင်ငံထဲ လေယာဉ်နဲ့ သွားရောက်နေကြပြီ ဖြစ်ပါတယ်။
အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့်ဧဝရက်တောင်မှာ နောက်ထပ် ဆီးနှင်းပြိုမှု ဖြစ်ပွားခဲ့ပြီး တောင်ခြေ စခန်းမှာ သောင်တင်နေကြတဲ့ တောင်တက်သမား ရာပေါင်းများစွာအကြား ထိတ်လန့်တကြား ဖြစ်ခဲ့ ကြပါတယ်။
စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် ဆီးနှင်းပြိုကျခဲ့မှုအတွင်း တောင်တက်သမား ၁၇ဦး သေဆုံးခဲ့ပါတယ်။
တခါစနေနေ့ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ၁၇ဦး သေဆုံးခဲ့တဲ့ တိဘက်ပြည်နယ်မှာလည်း နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူအတော်များများ ဒဏ်ရာ ရခဲ့ပြီး လူတသောင်းလောက် ဘေးလွတ်ရာ ရွှေ့ပြောင်း ခိုလှုံခဲ့ကြရပါတယ်။

No comments:

Post a Comment

Welcome