Friday, November 27, 2015

တရုတ်နိုင်ငံက မြန်မာအစိုးရသို့ ရဲကား ၅၀၅ စီး လှူဒါန်း

တရုတ်အစိုးရက မြန်မာအစိုးရသို့ ရဲကား ၅၀၅ စီး ယနေ့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါမော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E Mr. Li Keqiang မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် လာရောက်သည့်ခရီးစဉ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ တရားဥဒေစိုးမိုးရေးဆောင်ရွက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်ပြီး Pick up ၂၄၅ စီး၊ Truck ၁၃၅ စီး၊ Saloon ၁၂၀ စီးနှင့် Dump Truck ၅ စီး စုစုပေါင်း ၅၀၅ စီးဖြစ်ပြီး စုစုပေါင်းတန်ဘိုးမှာ တရုတ်ယွမ်မင်ဘီ ၉၉ သန်းဖြစ်ကြောင်း သိရှိရသည်။
ရဲကားများ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီးကိုကို ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်းနှင့် တရုတ်နိုင်ငံ၊ သံအမတ်ကြီး H.E Mr. Hong Liang အပါအ၀င် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
(ဓာတ်ပုံ-ရဲဇာနည် သတင်းနှင့် ဓာတ်ပုံ ဖြစ်ပါသည်)

Friday, October 30, 2015

သင့်ရဲ့  အမြင်အာရုံ အတွက် အလ္လာဟ်အရှင်မြတ်အပေါ် ကျေးဇူးတင် (ရှကွရ်) ဖူးပါသလား။

သင့်ရဲ့  အမြင်အာရုံ အတွက် အလ္လာဟ်အရှင်မြတ်အပေါ် ကျေးဇူးတင် (ရှကွရ်) ဖူးပါသလား။
===============================================
 တစ်ခါတုန်းက မျက်မမြင်တစ်ဦးဟာ လမ်းထောင့်တစ်နေရာမှာ ထိုင်နေခဲ့တယ်။ သူ့ ရဲ့  နောက်ကျောဖက်မှာ “ ကျွန်တော်သည် မျက်မမြင်တစ်ယောက်ဖြစ်ပါတယ်။ ကျေးဇူးပြု၍ ကူညီကြပါ။” ဆိုတဲ့ ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားပြီး သူ့ ရဲ့  ရှေ့ မှာ တော့ အလှူခံဖို့ အတွက် ဦးထုပ်လေး တစ်ခု ချထားတယ်။ ကူညီချင်တဲ့ သူတွေက ဦးထုပ်လေးထဲကို အကြွေစေ့တွေ ထည့်ပေးလို့ ရအောင်ပေါ့။
အဲဒီအချိန်မှာ အနီးအနားက ဖြတ်သွားတဲ့ လူတစ်ယောက်က သူ့ အိတ်ထဲက ငွေ အကြွေ အချို့ ကို ထုတ်ယူပြီး မျက်မမြင်ရဲ့  အလှူခံ ဦးထုပ်လေးထဲ ထည့်ပေးလိုက်တယ်။ ပြီးတော့ အဲဒီလူက မျက်မမြင် ရဲ့  နောက်ကျောမှာရှိတဲ့ ကျွန်တော်သည် မျက်မမြင်တစ်ယောက်ဖြစ်ပါတယ် ဆိုတဲ့ ဆိုင်းဘုတ်ကို ဖက်ကြည့်ပြီး စာသားအချို့ ကို ပြင်ရေးခဲ့တယ်။ ပြီးတော့ အဲဒီလူက မျက်မမြင်အနားကနေ ထွက်ခွါသွားခဲ့တယ်။
အဲဒီလူ ထွက်သွားပြီး ခန အတွင်းမှာပဲ စောစောက မျက်မြင်ရဲ့  ရှေ့ မှာ ရှိနေတဲ့ အလှူခံဦးထုပ်ထဲမှာ ပိုက်ဆံ အကြွေတွေနဲ့ ချက်ချင်း ပြည့်သွားတယ်။ နေ့ လယ်ခင်းအချိန်မှာ မျက်မမြင်ရဲ့  ဆိုင်းဘုတ်ကို စာ ပြောင်းရေးခဲ့တဲ့ လူက အခြေအနေ သိရအောင် မျက်မမြင်ရှိတဲ့နေရာကို ပြန်လာကြည့်တယ်။ အဲဒီမှာ မျက်မမြင်က အသံ နဲ့  အနံ့ ကို မှတ်မိလိုက်ပြီး လာကြည့်တဲ့ လူကို မေးတယ်။ “ခင်ဗျား မနက်က ကျွန်တော့်နောက်ကျောက ဆိုင်းဘုတ်ကို စာပြောင်းရေးသွားတဲ့လူမဟုတ်လား” လို့  မေးတယ်။
ပြန်လာကြည့်တဲ့လူက “ အင်း .. ဟုတ်တယ်။ မင်းရဲ့  နောက်ကျောဖက်က ဆိုင်းဘုတ်ကို စာ ပြောင်းရေးခဲ့တဲ့လူပဲ။” မျက်မမြင်က “ဘာတွေများ ပြောင်းရေးခဲ့တာလဲဗျာ”။ အဲဒီအချိန်မှာ ဆိုင်းဘုတ်ပြင်ရေးသွားတဲ့လူက “ ကျွန်တော်က အမှန်တရားတစ်ခု ရေးခဲ့တာပါ။ မူလ ခင်းဗျားဆိုင်းဘုတ်မှာ ရေးထားတဲ့ အဓိပ္ပါယ်ပဲပေါ့။ ဘာရေးခဲ့တာလဲဆိုတော့ - ဒီနေ့ ဟာ အရမ်း သာယာတဲ့ နေ့ တစ်နေ့ ပဲ။ ဒါပေမယ့် ကျွန်တော် မမြင်ရပါဘူး” လို့ ရေးခဲ့တာပါတဲ့။
တစ်ကယ်တော့ ပထမ မျက်မမြင် ရဲ့  ဆိုင်းဘုတ်က စာ နဲ့  လမ်းဖြတ်သွားသူ ပြင်ရေးခဲ့တဲ့ စာ ၂ ခုစလုံးဟာ အခု အလှူခံနေတဲ့ လူဟာ မျက်မမြင်တစ်ယောက်ဖြစ်ကြောင်း ပြောထားတာပါပဲ။ သို့ ပေမယ့် လမ်းဖြတ်သွားသူ ပြင်ရေးခဲ့တဲ့ စာထဲမှာကျတော့ “ခင်ဗျားတို့  အရမ်းကံကောင်းကြတယ်ဗျာ။ အပြာရောင် ကောင်းကင်ကြီးရယ်၊ မိုးသားတိမ်တိုက်ဖြူဖြူတွေ၊ သစ်ပင်ပန်းပင် စိမ်းစိမ်းစိုစိုတွေ သဘာဝ အလှတရားတွေ အားလုံး ခင်ဗျားတို့  မြင်တွေ့ ကြရတယ်။ ဒီနေ့ လို သာယာလှပတဲ့ နေ့ မှာ ဒီလို လှပတဲ့ ရှုခင်းတွေ ခင်ဗျားတို့  မြင်နေရချိန် ကျွန်တော့်မှာတော့ ဘာမှ မမြင်ရဘူး ဖြစ်နေပါတယ်ပေါ့။

ဒီပုံပြင်လေးကို ဖက်ကြည့်ပြီး ခံစားမိတာလေးတွေက -
၁။ လောက အလှတရား ( လှပတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ခံစားကြည့်ရှုရခြင်းနဲ့  ဒီလို ရှုမြင်ကွင်းတွေ မြင်တွေ့ ခံစားခွင့် ပေးခဲ့တဲ့ အလ္လာဟ်ရဲ့  ကျေးဇူးတရားတွေကို ရှကွရ် လုပ်ပါ။)
၂။ ကိုယ်ချင်းစာတရား ( ကိုယ့်အတွက် အမြဲတမ်း နေ့ တိုင်း မြင်နေ ကြားနေရတဲ့ အရုပ်တွေ၊ အသံတွေ အများကြီး ရှိနေတဲ့အချိန်မှာ လုံးဝ မမြင်နိုင်၊ မကြားနိုင်တဲ့ သူတွေ ရှိနေပါလား။ ပင်လယ်ပြင်ကနေ ကမ်းစပ်ဆီကို တရိပ်ရိပ်တက်လာတဲ့ ရေလှိုင်းတွေရဲ့  အလှတရားမျိုးကို လူအချို့ အတွက် ပင်လယ်သောင်စပ်မှာ ကိုယ်တိုင် ရောက်နေသည့်တိုင်အောင် မမြင်တွေ့ နိုင်တဲ့ လူတွေ လည်း ရှိနေပါလား။ သူတို့ လည်း ကိုယ့်လို မြင်ချင် တွေ့ ချင်မှာပဲ ဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေးတွေ ရရှိစေတယ်။)
၃။ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရား များကို သိရှိ နားလည်လာစေတယ်။ အမြင်အာရုံ ရရှိကောင်းမွန်နေခြင်းဟာ အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ချီးမြောက်ခြင်း သို့ မဟုတ် ကျေးဇူးတော်ဖြစ်သည်။ အကယ်၍ ကျွန်တော်တို့ မှာ အမြင်အာရုံတွေ ဆုံးရှုံးသွားခဲ့လျှင် အမှောင်ထဲ၌ ရပ်နေရသူလို၊ လမ်းလျှောက်နေရသူလို တစ်ခုခုကို ကြည့်ဖို့ ၊ တစ်နေရာမှ တစ်နေရာ သွားဖို့  မမြင်နိုင်သည့်အတွက် တိုးမိ၊ တိုက်မိဖြစ်ကာ လဲကျနေဖို့ သာ ရှိသည်။ အဖြူဆိုတာမသိ၊ အနီဆိုတာ မသိ မမြင်ရသည့် အဖြစ်မျိုး မကြုံရပဲ ဒွန္နယာမှာရှိတဲ့ အရာဝတ္ထုများ၊ အပင်၊ တိရစ္ဆာန်၊ ကျေးငှက် စသည်များကို ကောင်းမွန်စွာ မြင်တွေ့  နားလည်ခွင့် ရနေခြင်းအပေါ် ဖန်ဆင်းရှင် အလ္လာဟ် အရှင်မြတ်အား များစွာ ရှကွရ်လုပ် ကျေးဇူးတင်ရမည်ဖြစ်ပေသတည်း။

Saturday, September 26, 2015

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ တောင်ပိုင်းရှိ ဘိုင်သွလ် ဖူတာဟ် (Baitul Futuh) မီးလောင်မှုဖြစ်။

စနေ နေ့ ၊ စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၅၊။

စနေ နေ့  နေ့ လယ်ပိုင်းအချိန်လောက်မှ မီး စတင်လောင်ကြွမ်းခဲ့တာလို့ သိရပါတယ်။ မီးစတင် လောင်ကြွမ်းတဲ့အချိန် ဗလီဝတ်ကျောင်းတော်ထဲမှာ လူအနည်းငယ်ပဲ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ၁ ဦး ဒါဏ်ရာ ရရှိခဲ့ပြီး ဆေးရုံကို ပို့ ဆောင်ခဲ့ပါတယ်။

မီးလောင်ကြွမ်းမှုကြောင့် ဗလီဝတ်ကျောင်းတော်၏ မြေညီထပ် တစ်ဝက်ခန့်  ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ခု မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဗလီကြီးကို (Ahmadiyya Muslim community) က ၁၉၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ရန် ရည်ရွယ်ဆောင်လုပ်ခဲ့တာဖြစ်ပါတယ်။ မီးသတ်အရာရှိတစ်ဦးကတော့ မီးလောင်မှု ဖြစ်စေတဲ့ အကြောင်းအရင်း အတိအကျကို မသိရသေးပါဘူးလို့  ပြောပါတယ်။
ဒီသတင်းကို Independent သတင်းစာမျက်နှာမှ ကူးယူဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ မူရင်း သတင်း အင်္ဂလိပ်ဗားရှင်းကို အောက်က လင့်မှာ ဝင်ရောက် ဖက်ရှုနိုင်ပါတယ်။

http://www.independent.co.uk/news/uk/home-news/morden-mosque-fire-blaze-breaks-out-at-south-london-mosque-a6668251.html

မဘသအဖွဲ့ နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချနေ

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဦးသိန်းစိန် အစိုးရ လက်ထက်၌ ပြဋ္ဌာန်းနိုင်ခဲ့သည့် မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်မှုကို မဘသ၏ နိုင်ငံရေး အောင်ပွဲအဖြစ် အခမ်းအနားများ၊ စီတန်းလှည့်လည်မှုများ တနိုင်ငံလုံးတွင် ကျင်းပပြုလုပ်လျက် ရှိပြီး အင်အား ပြသနေသည်။
ဦးသိန်းစိန် ပြဋ္ဌာန်းပေးခဲ့သည့် မျိုးစောင့်ဥပဒေများ တနိုင်ငံလုံးတွင် ထောက်ခံမှု အင်တိုက်အားတိုက် ပြုလုပ်နေခြင်း သည် လက်ရှိအစိုးရ၏ ဒုတိယ သက်တမ်းအတွက် မဲဆွယ်ပေးနေခြင်းလား ဟု မေးခွန်း ထုတ်လာကြသည်။
တိုင်းပြည်၏ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ တွင် နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစား မပြုရဟု တရားဝင်ပြဋ္ဌာန်းထားသည်။
“မေးခွန်း ထုတ်စရာကောင်းတဲ့ အခြေအနေပေးတာကိုက မကောင်းဘူး။ တရားဥပဒေ စိုးမိုးရေး လို့ ပြောရင် ဒါတွေကို ကြည့် မနေသင့်ဘူး လို့ပြောရင် တိုင်မယ့်လူ မရှိလို အရေး မယူတာပါလို့ ပြောလိမ့်မယ်။ တိုင်မယ့်လူ မရှိလို့ လုံးလုံး အရေး မယူဘူး ဆိုတဲ့ ဖြစ်ရပ်မျိုး ကျမတို့ နိုင်ငံမှာ မရှိခဲ့ပါဘူး။ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ တိုင်မယ့်လူ မရှိဘဲ တက်တက် ကြွကြွ အရေးယူခဲ့တာတွေ ရှိတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်းတဦးဖြစ်သူ စာရေး ဆရာမ မသီတာ (စမ်းချောင်း) က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် မန္တလေးမြို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ သည် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သူ ဟုတ်မဟုတ် မဘသအဖွဲ့က စုံစမ်းလျက်ရှိပြီး မဘသ ဦးဆောင် ဆရာတော် ဦးဝီရသူက တိုင်းပြည်နှင့် ဗုဒ္ဓဘာသာကို ကာကွယ်မည့် အမျိုးကို စောင့်ရှောက်မည့်သူများကို ရွေးချယ်ရန် စက်တင် ဘာလ ၁၆ ရက်နေ့က တိုက်တွန်းလိုက်သည်။
တနိုင်ငံလုံးတွင်လည်း ပုံစံမျိုးစုံဖြင့် ပါတီတခုခု ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးဦးကို ဖြစ်စေ မဲထည့်ရန် မဘသက စည်းရုံးလျက် ရှိသည်။
ဆရာတော် ဦးဝီရသူက “ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက် ယုံကြည်စိတ်ချ အားကိုးရတဲ့ ဘယ်သူကို မဆို ပါတီအကြီးကြီးကပဲ ဖြစ်ဖြစ်၊ ပါတီသေးသေးလေးကပဲ ဖြစ်ဖြစ် တသီး ပုဂ္ဂလပဲ ဖြစ်ဖြစ် ရွေးချယ်ကြဖို့ တိုက်တွန်းတာ ပါ” ဟု ဧရာဝတီသို့ မိန့်သည်။
မဘသအဖွဲ့ဟု လူသိများသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ရေးဆွဲခဲ့သော ဥပဒေကြမ်း ၄ ခုကို လွှတ်တော်က အတည်ပြု ပေးခဲ့ပြီး ဥပဒေများ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဥပဒေသစ်များက အမျိုးသမီးများနှင့် မြန်မာနိုင်ငံ၏ လူနည်းစု မွတ်ဆလင်များအား ဆန့်ကျင်ခွဲခြားမှုများကို တရားဝင် ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောကြသည်။
မဘသ အဖွဲ့က ရွေးကောက်ပွဲများတွင် ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်မည့် အရိပ်လက္ခဏာ ပြသခြင်း မရှိသော်လည်း ၎င်းတို့၏ ဥပဒေ ၄ ခုကို ဆန့်ကျင်သည့် ကိုယ်စားလှယ်လောင်း များကို ပြည်သူသိအောင် ထုတ်ပြန် သတိပေးသွား မည်ဟု ကြေညာထားသည်။ အဆိုပါ ကိုယ်စားလှယ်လောင်းများ ထဲ၌ လာမည့် ရွေးကောက်ပွဲတွင် ရှေးရိုးစွဲသမားများ၊ စစ်ဘက်အရာရှိဟောင်းများနှင့် ရင်ဆိုင်ရမည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီတို့ ပါဝင်နေသည်။
မဘသ ထောက်ခံသူ တဦးဖြစ်သူ စာရေးဆရာ မောင်သွေးချွန်က “တကယ်လို့ NLD နိုင်သွားလို့ ရှိရင် NLD သည် ဘင်္ဂလီတွေ ဘက်က ရပ်တည်ခဲ့တဲ့ အစဉ်အလာတွေ ရှိတယ်။ သူ တကယ်လို့ အာဏာရ သွားရင် ဘင်္ဂလီတွေကို နိုင်ငံသား လုပ်ပေးမယ်။ ဒါမှမဟုတ် ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပစ်မယ် ဆိုရင် ဗုဒ္ဓဘာသာနဲ့ ရခိုင်ပြည် အတွက်က အာမခံချက် ရှိတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာနိုင်ငံတွင် ဩဇာကြီးမားသော ဘုန်းတော်ကြီးများသည် ရာစုနှစ် တဝက်နီးပါးမျှ ကြာမြင့်သည့် စစ်အုပ်ချုပ် ရေးကာလ အတွင်း၌ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှု အမြောက်အမြားကို ဦးဆောင်ခဲ့ကြ သူများ ဖြစ်သည်။ သို့သော်လည်း အရပ်သား အမည်ခံ ပြုပြင်ပြောင်းလဲရေး အစိုးရ အာဏာရရှိ လာခဲ့သည့် ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် အချို့ ဘုန်းတော်ကြီးများက အစ္စလာမ်ဘာသာက ဗုဒ္ဓဘာသာကို ဝါးမြိုနေပြီး တိုင်းပြည်ကို အင်အားနည်းအောင် ပြုလုပ်နေကြောင်း ဟောပြောမှုများ စတင်ပြုလုပ်လာကြသည်။
ယခုအခါတွင် နိုင်ငံတလွှား၌ ရုံးခွဲ ၂၅၀ ရှိနေ ပြီဖြစ်သည့် မဘသသည် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစု ကြည်နှင့် NLD ကို မဲမပေးရန်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရ ဆက်လက် အုပ်ချုပ်ရန် ဆန္ဒရှိကြောင်း တိုက်ရိုက် တမျိုး၊ သွယ်ဝိုက်ပြီး တဖုံ၊ ဗြောင် ပြောဆို စည်းရုံးလာခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ မဲဆွယ်စည်းရုံးရေးကို ထိခိုက်စေနိုင်သည့် စာသားပါ စာရွက်စာတမ်းများကို မဘသက တိုင်းဒေသကြီးနှင့် ပြည်နယ် တချို့တွင် လိုက်လံဝေငှလျက် ရှိကြောင်း NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးက မီဒီယာများသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထို့ကဲ့သို့ မဘသက NLD ကို လိုက်လံ နှောင့်ယှက် နေချိန်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် မျိုးစောင့် ဥပဒေအောင်ပွဲကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရနှင့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) တို့က ထောက်ပံ့ကူညီ လိုက်သည့်အခါ မဘသ၏ လမ်းကြောင်းကို မီးမောင်းထိုး ပြနေတော့သည်။
မိုးသု (မန္တလေး) အမည်ဖြင့် ဘာသာရေး ဆောင်းပါးများ ရေးသားနေသည့် မန္တလေးမြို့မှ ဆရာတော် အရှင်ခေမာနန္ဒက နိုင်ငံရေးတွင် မဘသ ပါဝင်ပတ်သက်နေခြင်းမှာ သာသနာတော်အတွက် မကောင်းဘဲ အာဏာရှင် စစ်အစိုးရကို သက်ဆိုးရှည်အောင် ပံ့ပိုးပေးသလို ဖြစ်နေကြောင်း ဧရာဝတီသို့ မိန့်သည်။
“လုပ်ရပ်တွေ ကလည်း ဝိနည်းနဲ့ မညီဘူး။ မျိုးစောင့်ဥပဒေ ဆိုတာတွေကလည်း အယောင်ပြပြီး အာဏာရှင်ကို သက်ဆိုး ရှည်သထက် ရှည်အောင် ပံ့ပိုးပေးနေတာ။ အရင်က ဖြစ်ရပ်တွေကို ကြည့်ရင်လည်း မဘသနဲ့ အာဏာရှင်တွေနဲ့ ပေါင်းပြီး ဘာသာရေးကို အသုံးချပြီး ကိုယ်ကျိုးစီးပွား အတွက် လုပ်နေကြတာပဲ။ ဒါယကာ၊ ဒါယိကာမတွေရဲ့ မျက်နှာကို ထောက်ထားပြီးတော့ အာဏာရှင်တွေကို ပံ့ပိုးထောက်ပံ့ နေတာတွေကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု အရှင်ခေမာနန္ဒက မိန့်သည်။
မဘသ အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးမည့် သူများကို အမတ်လောင်းရွေးချယ်ခိုင်းခြင်း အပါအဝင် နိုင်ငံရေးတွင် ပါဝင် ဆက်စပ်ရခြင်းမှာ တိုင်းပြည်တွင် အမျိုးဘာသာ သာသနာ ပျောက်ပျက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ခြင်းသည် နိုင်ငံရေးပါတီများ အလုပ်ဖြစ်သော်လည်း နိုင်ငံရေးပါတီများမှာ အားကိုးမရသဖြင့် မဘသက ဝင်ရောက်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မဘသ ထောက်ခံသူများက ပြောသည်။
၂၀၁၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် မဘသ ညီလာခံ၏ အခြေခံမူများတွင် အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေးကို ကတိပေးသည့် သူကို မဲပေးသင့်ကြောင်း၊ အမျိုး ဘာသာသာသနာ ဆန့်ကျင် သူများကို မဲ မပေးသင့်ကြောင်း ဆိုသည့်သဘောထားရှိကြောင်း၊ ယင်းမှာ မဘသ(ဗဟို) ၏ သဘောထားဖြစ် ကြောင်း ဆိုသည်။
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတခု အဖြစ် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ် ပူပန်မိကြောင်း ရန်ကုန်မြို့အခြေစိုက် သံရုံး ၉ ခုက ပူးတွဲ ကြေညာချက် တခုကို စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံရေးတွင် မဘသက ရွေးကောက်ပွဲ အကြောင်း ပြု၍ တိုက်ရိုက်ပါဝင် ပတ်သက်လာမှုကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ကြေညာချက် ထုတ် ပြန်ခြင်းလည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အသိုင်းအဝန်းက သုံးသပ်သည်။
သို့သော် မြန်မာအစိုးရကမူ သံရုံးများ၏ ထုတ်ပြန်ချက်ကို လုံးဝလက်မခံဘဲ တဖက်သတ် သုံးသပ်ချက်ဟု ဆိုကာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် ပယ်ချခဲ့ပြီး သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးမှာ ထိုထုတ်ပြန် ချက်ကို စိတ်ဆိုးလျက် ရှိသည်။
ဧရာဝတီက နိုင်ငံရေးတွင် ဘာသာရေး ရောထွေးလာမှု အခြေအနေများနှင့် ပတ်သက်၍ အစိုးရ၏ သဘောထားကို အတည်ပြုနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဦးဇော်ဌေးက သီးခြား မှတ်ချက် မပေးလိုကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကိုသာ ကိုးကားရန် ပြောဆိုသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတကာ ဒီမိုကရေစီနေ့ သဝဏ်လွှာကို ကိုးကား၍ “မြန်မာနိုင်ငံသည် ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံ ရှိသည့် လူမျိုးများစွာ နေထိုင်သော နိုင်ငံဖြစ်သည့် အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များတွင် နိုင်ငံ၏ သဟဇာတ ဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်နစ်နာစေသည့် ကိစ္စရပ်များ မပေါ်ပေါက် စေရန် နိုင်ငံရေး ပါတီများနှင့် မဲဆန္ဒရှင် ပြည်သူအားလုံး ရှောင်ရှားရန် လိုအပ် ကြောင်း” ဟု ဖော်ပြခဲ့သည်။
မဘသနှင့် နိုင်ငံရေးဇာတ်ခုံ
လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့သော မဘသအဖွဲ့သည် ၉၆၉ လှုပ်ရှားမှုမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မဘသ အဖွဲ့ ပေါ်ပေါက်လာပြီး မကြာမီတွင် အငြင်းပွားဖွယ်ရာ များဖြင့် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းချုပ်ခြင်းဆိုင်ရာ ဥပဒေတို့မှာ မဘသ အဖွဲ့၏ ဦးဆောင် တွန်းအားပေး မှုဖြင့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြဋ္ဌာန်းနိုင်ခဲ့သည်။
ဘဏ်လုပ်ငန်း၊ သတ္တုတွင်းနှင့် ပိုင်ဆိုင်မှု ဥပဒေများ နှောင့်နှေးနေသော်လည်း မဘသအဖွဲ့က ကျောထောက် နောက်ခံ ပြုထားသည့် မျိုးစောင့်ဥပဒေများကို လွှတ်တော်က မြန်မြန်ဆန်ဆန် ဆွေးနွေးအတည်ပြုပေးခဲ့သည်။
ဥပဒေအရ အချို့အမျိုးသမီးများသည် ၃ နှစ်မှ တခါ ကိုယ်ဝန်ဆောင်ခွင့် ရရှိမည် ဖြစ်သည်။ အခြား ဥပဒေ တခုအရ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဗုဒ္ဓဘာသာဝင် မဟုတ်သည့် အမျိုးသားနှင့် လက်ထပ်ရန် အတွက် သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုချက် ရရှိရန်လိုအပ်သည်။
မဘသ ထောက်ခံသူများကမူ မျိုးစောင့်ဥပဒေ ၄ ခုသည် အစ္စလာမ်ဘာသာ၏ အန္တရာယ်ကို ကာကွယ်ရန် ပြဋ္ဌာန်း လိုက်ရခြင်းဟု ဧရာဝတီသို့ ပွင့်ပွင့် လင်းလင်းပြောသည်။ မောင်သွေးချွန်က “ကျနော်တို့က မွတ်စလင် တွေနဲ့ ပြဿနာ မဖြစ်ချင်လို့ ဥပဒေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားတာ။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ချင်ဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက လူနည်းစု အခွင့်အရေးကို လေးစားကာကွယ်ရန် လိုအပ်ကြောင်း ပြောဆိုပြီး အဆိုပါ ဥပဒေများကို ဆန့်ကျင်ခဲ့ကြသည့်နောက်ပိုင်း မွတ်စလင် အားပေးသည်ဟု ပစ်မှတ်ထား တိုက်ခိုက်ခံလာရ သည်။
အစိုးရနှင့် လွှတ်တော်က မွတ်စလင်များ အပေါ် ရည်ရွယ်သော မဘသ၏ မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပေးသည် သာမက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း ပြည်တွင်းနေ မွတ်စလင်များ နိုင်ငံရေး ကိုယ်စားပြုခွင့်ကို ပိတ်ပင်တင်းကြပ်ခဲ့သည်။
ကော်မရှင်က မွတ်စလင် ကိုယ်စားလှယ်လောင်း အများအပြားကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် မညီဟု ဆိုကာ ပယ်ချခဲ့သည်။ အကြောင်းပြချက်မှာ မွတ်စလင် ကိုယ်စားလှယ်လောင်းများ၏ မိဘတို့မှာ ၎င်းတို့ မွေးဖွားခဲ့စဉ်က မြန်မာနိုင်ငံသား မဖြစ်သေး ဆိုသည့် အကြောင်းပြချက်နှင့် ဖြစ်သည်။
ပါတီ၏ မွတ်စလင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့သောကြောင့် ပါတီ ဖျက်သိမ်းရကိန်း ကြုံနေသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်းက “ကော်မရှင်က ဒီလူတွေရဲ့ နေရာတွေ နာမည်တွေကို ကြည့်ပြီး ပယ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေးခွဲခြားမှုပဲ။ လူမျိုးတိုင်းက ကိုယ်စားပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့ လူမျိုးစုကို ကျနော်တို့ ကိုယ်စား ပြုခွင့် မရအောင် စီမံနေတဲ့ ပုံစံပဲ ဖြစ်တယ်” ဟု ပြောသည်။
ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးမှုမှာ ခေတ် အဆက်ဆက်တွင် ရှိခဲ့သော်လည်း ဘာသာရေးကို အသုံးချပြီး နိုင်ငံအစိုးရများ အပေါ် အာဏာ သက်ရောက်ရန် ကြိုးစားသည့်အခါ မငြိမ်းချမ်းသည့် ကိစ္စများ ဖြစ်ပေါ်လာကြောင်း၊ အကောင်းဆုံး ဥပမာမှာ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးရန် ကြိုးစားရာမှ တဆင့် မီးခိုး ကြွက်လျှောက် ပြဿနာများစွာ ရှိနေကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောသည်။
၎င်းက “ဒီမှာ အခုဖြစ်နေတာက ဘာသာခြားတွေ မဟုတ်ဘဲနဲ့ လူမျိုးအချင်းချင်း ကြားထဲမှာ နိုင်ငံရေး အရ ကွဲပြားတာကို ဘာသာရေးနဲ့ အသုံးချနေတာ။ အခုလို နိုင်ငံရေး ပါတီတခုကိုတော့ မဲပေးပါ။ ဒီတခုကိုတော့ မဲမပေးပါနဲ့။ အဲလို လှုံ့ဆော်လာရင် Middle East မှာဖြစ်နေတဲ့ ပုံစံမျိုး လိုက်သလို ဖြစ်သွားမှာ ကျမတို့ ကြောက်ရတယ်” ဟု ပြောသည်။
ယခုကဲ့သို့ Globalization ခေတ်တွင် ကိုယ့်လူမျိုး ကိုယ့်ဘာသာဟု ကြွေးကြော်နေမည့်အစား အားလုံးကို လက်ကမ်း ကြိုဆို၍ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်မည် ဆိုသည့် နိုင်ငံရေးစနစ်မျိုးသည်သာ ဘာသာကွဲများနှင့် လူမျိုးစုံ နိုင်ငံသားများ ရှိနေသော မြန်မာနိုင်ငံနှင့် သင့်လျော်သည်ဟု ယူဆသူများလည်း ရှိနေသည်။
ဗြိတိသျှ ကိုလိုနီလက်မှ လွတ်မြောက်ပြီးစ  ပါလီမန် ဒီမိုကရေစီခေတ်တွင် ဝန်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်း သတ်မှတ်လိုက်သည့်အခါ ကချင်လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်လာရ သည်ဟု တရားလွှတ်တော် ရှေ့နေတဦးလည်း ဖြစ်သူ ဦးသိန်းသန်းဦးက ထောက်ပြသည်။
“ဘာသာဆိုတာ ဘာသာတိုင်းက လေးစားစရာကြီးပဲ။ ကိုယ့်ဘာသာမှ ကောင်းတယ်။ သူများ ဘာသာ မကောင်းဘူး ဆိုတာ ဒါ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး” ဟု ပြောသည်။    ။

{The Irrawady News}

Thursday, September 24, 2015

လူသေဆုံးမှုဖြစ်ပွားစေခဲ့သည့် လူစုလူဝေး တိုးတိုက်မှုအတွက် စုံစမ်းစစ်ဆေးရန် ဆော်ဒီအစိုးရ အမိန့် ထုတ်။



ဆော်ဒီအာရေဗျ အစိုးရက လူပေါင်း ၇၀၀ ကျော် သေဆုံးစေခဲ့တဲ့ လူစုလူဝေး တိုးတိုက်မှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့  အမိန့် တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
ဆော်ဒီ ဟဂ်ျကော်မတီ အကြီးအကဲ ဖြစ်တဲ့ မင်းသားမူဟာမက်ဘင်နရိဖ် က ဒီ လူစုလူဝေး တိုးတိုက်မှု ကိစ္စ ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အတွက် အခြား အဖွဲ့ ဝင်တွေနဲ့  တွေ့ ဆုံးစည်းဝေးပွဲမှာ အမိန့် ထုတ်ခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးလို့ ရလာတဲ့ အဖြေကို ဘုရင် ဆာလ်မာန် ထံ တိုက်ရိုက် တင်ပြ ရမှာဖြစ်ပါတယ်။

ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနရဲ့  အဆို အရ ခုလို လူစုလူဝေး တိုးတိုက်မှု ဖြစ်ရတာဟာ လူအများ သွားလာနေတဲ့ လမ်း ၂ ခု အဆုံ မှာ လူအုပ်စု ၂ ခု တိုးတိုက်မိလို့ ဖြစ်တာလို့  ဆိုပါတယ်။
မက္ကာဟ် မြို့ အပြင်ဖက် မီနာ ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ လမ်းနံပါတ်က ၂၀၄ ဖြစ်ပါတယ်။
အယ်လ်ဂျဇီးရား မှ ကူးယူဖေါ်ပြပါသည်။

السلام عليكم.

السلام عليكم. عيد مبارك لكم جميعا.

Monday, May 18, 2015

လှေစီး ဒုက္ခသည်တွေကို ငြင်းပယ်မှု ကုလ ရှုတ်ချ။


ပင်လယ်ထဲမှာ ဒုက္ခရောက်နေကြတဲ့ ထောင်နဲ့ချီတဲ့ လှေစီး ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ ငြင်းဆန် နေတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေကို ကုလ သမဂ္ဂက ရှုတ်ချ လိုက်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က လှေစီး ဒုက္ခသည် ၇၀၀ ကျော် အင်ဒိုနီးရှား နိုင်ငံ၊ အာချေး ဒေသကို ရောက်ရှိ သွားခဲ့ပြီး နောက်ပိုင်း ဒီသတင်းပတ် အကုန်မှာ ဒုက္ခသည်တွေကို ထပ်မံ ကယ်တင်မှု မရှိခဲ့တာဟာ မကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ဘန်ကောက်မှာ ရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ရဲ့ ပြောခွင့်ရသူ Vivian Tan က ပြောပါတယ်။

UNHCR အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို မှတ်ပုံတင် နိုင်ဖို့နဲ့ လိုအပ်တာတွေကို စိစစ် အဖြေရှာဖို့ အစိုးရတွေကို ကူညီသွားမှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင် နိုင်ငံတွေ အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို အရင်ဆုံး ကယ်ဆယ်ဖို့ လိုပါတယ်လို့ သူက ပြောပါတယ်။
အင်ဒိုနီးရှား အစိုးရကတော့ နစ်မြုပ်နေတဲ့ စက်လှေ၊ ဒါမှမဟုတ် ရေနစ်နေတဲ့ လူတွေက လွဲလို့ ပင်လယ်ထဲ မျောနေတဲ့ လှေစီး ဒုက္ခသည်တွေကို မကယ်တင်ဖို့ ပြောထားကြောင်း အင်ဒိုနီးရှား ငါးဖမ်းသမား တွေက ပြန်ပြောပါတယ်။
အင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှား နိုင်ငံတွေရဲ့ ပိုင်နက် ပင်လယ်ပြင်ထဲမှာ ထောင်နဲ့ချီတဲ့ လှေစီး ဒုက္ခသည်တွေ ပိတ်မိ နေကြတယ်လို့ ယူဆရပြီး သူတို့ နိုင်ငံ ကမ်းခြေတွေကို ချဉ်းကပ် လာကြတဲ့ စက်လှေတွေကို အဲဒီ သုံးနိုင်ငံစလုံးက ပင်လယ်ထဲ ပြန်မောင်းထုတ် ခဲ့ကြပါတယ်။
အဲဒီ လှေစီး ဒုက္ခသည်တွေဟာ မြန်မာ နိုင်ငံနဲ့ ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့မှာ နှိပ်ကွပ်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ထွက်ပြေး လာကြသူတွေ ဖြစ်ကြပါတယ်။
မြန်မာ အစိုးရကတော့ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်က ထွက်ပြေးကြတဲ့ ဒုက္ခသည် ပြဿနာဟာ လူကုန်ကူးမှု ပြသနာသာ ဖြစ်တယ်လို့ တုံ့ပြန် ပြောဆို ထားပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးတယ် ဆိုတဲ့ ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ထွက်ပြေးကြတာ မဟုတ်ဘဲ လူကုန်ကူးမှု ပြဿနာတွေရဲ့ အကျိုးဆက်သာ ဖြစ်ကြောင်း၊ ဒီလူတွေဟာ မြန်မာ နိုင်ငံက လာတာ မှန်တယ် ဆိုတဲ့ အထောက်အထား ပြနိုင်ရင် စိစစ်ပြီး ပြန်လည် ခေါ်ယူမှာ ဖြစ်ကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြည်ပ သံတမန်တွေ၊ ကုလ သမဂ္ဂ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
လှေစီး ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ အနေနဲ့ ပိုမို တာဝန်ယူ ကိုင်တွယ် ဖြေရှင်းဖို့ တိုက်တွန်း ပြောဆိုမှုတွနဲ့ ပြစ်တင် ပြောဆိုမှုတွေကိုတော့ မြန်မာ အစိုးရက ပယ်ချခဲ့ပါတယ်။

Credit > BBC Burmese.

Tuesday, April 28, 2015

IS အဖွဲ့သား ၉၃ ယောက်ကို ဆော်ဒီ ဖမ်းမိ



ဆော်ဒီ အာရေဗျ နိုင်ငံမှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ အဖွဲ့သားတွေလို့ သံသယရှိတဲ့ ၉၃ ယောက်ကို ဖမ်းမိခဲ့ပြီး အကြမ်းဖက်မှု တချို့ကိုလည်း ကြိုတင် တားဆီး နိုင်ခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ကတည်းက လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး အဖမ်းခံရသူတွေ ထဲမှာ ဆော်ဒီ နိုင်ငံသား ၇၇ ယောက် ပါဝင်တယ်လို့ ဆော်ဒီ သတင်း အေဂျင်စီက ဖော်ပြပါတယ်။

အဲဒီ လူတွေဟာ လူအရောက် နည်းတဲ့ ဒေသတွေမှာ လေ့ကျင့်ရေး စခန်းတွေ တည်ဆောက်ပြီး အသေခံ ဗုံးခွဲမှုတွေ လုပ်ဖို့လည်း စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အဓိက ပစ်မှတ်တွေ ထဲမှာ မြို့တော် ရီယတ်မှာ ရှိတဲ့ အမေရိကန် သံရုံးလည်း ပါဝင်တယ်လို့ ယူဆကြပါတယ်။

ဆီးရီးယားနဲ့ အီရတ်က နယ်မြေ အများအပြားကို သိမ်းပိုက်ထားတဲ့ IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ထဲမှာ ဆော်ဒီနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။



Credit to> BBC Burmese.

Sunday, April 26, 2015

နီပေါ ငလျင်။

နီပေါနိုင်ငံမှာ စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် လူနှစ်ထောင်ကျော် သေဆုံးခဲ့ရအပြီး တရက်အကြာ ဒီကနေ့မှာ ပြင်းအားကြီး နောက်ဆက်တွဲ ငလျင်ကြီးတခု ထပ်လှုပ်ခဲ့ပါတယ်။
ပြင်းအား ၆.၇ ရှိတဲ့ အဲဒီ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် အဆောက်အအုံတွေ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ခတ္တမန္ဒူမြို့တော်နဲ့ အနီးတဝိုက်ဒေသတွေမှာ လူတွေ ဘေးလွတ်ရာ ဟင်းလင်းပြင်နေရာတွေဆီ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။
ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး အထောက်အပံ့တွေနဲ့အတူ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေက ဆရာဝန်တွေ၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေ နီပေါနိုင်ငံထဲ လေယာဉ်နဲ့ သွားရောက်နေကြပြီ ဖြစ်ပါတယ်။
အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့်ဧဝရက်တောင်မှာ နောက်ထပ် ဆီးနှင်းပြိုမှု ဖြစ်ပွားခဲ့ပြီး တောင်ခြေ စခန်းမှာ သောင်တင်နေကြတဲ့ တောင်တက်သမား ရာပေါင်းများစွာအကြား ထိတ်လန့်တကြား ဖြစ်ခဲ့ ကြပါတယ်။
စနေနေ့တုန်းက ငလျင်ဒဏ်ကြောင့် ဆီးနှင်းပြိုကျခဲ့မှုအတွင်း တောင်တက်သမား ၁၇ဦး သေဆုံးခဲ့ပါတယ်။
တခါစနေနေ့ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ၁၇ဦး သေဆုံးခဲ့တဲ့ တိဘက်ပြည်နယ်မှာလည်း နောက်ဆက်တွဲ ငလျင်ဒဏ်ကြောင့် လူအတော်များများ ဒဏ်ရာ ရခဲ့ပြီး လူတသောင်းလောက် ဘေးလွတ်ရာ ရွှေ့ပြောင်း ခိုလှုံခဲ့ကြရပါတယ်။

Tuesday, March 24, 2015

ဘာသာရေး အဓိကရုဏ်းတွေကို နောက်ကွယ်က စီစဉ်ခဲ့တာလို့ဆို



မန္တလေးမြို့နဲ့ မိတ္ထီလာမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေဟာ မမြင်ရတဲ့ လက်မည်းကြီးတွေက နောက်ကွယ်ကနေ အစီအစဉ်တကျ ကြိုးကိုင် ပြုလုပ်ခဲ့တာ ဆိုပြီး အမေရိကန် အခြေစိုက် Jutice Trust မြန်မာဌာနခွဲက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေ ဖြစ်မလာဖို့အတွက် ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ အချက်အလက်တွေကို ပြုစုခဲ့သူ တစ်ဦး ဖြစ်တဲ့ ရှေ့နေ ဦးသိန်းသန်းဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ လက်မည်းကြီးဟာ လက်တံ ရှည်ပြီး အလှမ်းကျယ်တဲ့အတွက် ဘယ်သူရယ်လို့ သက်သေမပြနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။

ဒီလို ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်အောင် လုပ်လိုတဲ့ ရည်ရွယ်ချက်တွေကို ကြည့်ရင် အချက် ၃ချက် တွေ့ရတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကို မလိုလားသူတွေက သမ္မတ ရာထူး နောက်ထပ် သက်တမ်း အတွက် ယှဉ်ပြိုင်လိုစိတ်နဲ့ လုပ်တာ ဖြစ်နိုင်ကြောင်း၊ ဒုတိယ အချက်က NLD ကို ပစ်မှတ်ထားပြီး ဘာသာရေး အရ ခုတုံးယူ နိုင်ငံရေးအရ အသာစီး ရဖို့ လုပ်တာ ဖြစ်နိုင်သလို စစ်အုပ်ချုပ်ရေးအောက်မှာ ရွေးကောက်ပွဲ ကျင်းပချင်တဲ့ ဆန္ဒရှိသူတွေက တိုင်းပြည် မငြိမ်သက်အောင် လုပ်ပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်းအောင် လုပ်တာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

တစ်ခါ ရဲတပ်ဖွဲ့လို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ အဓိကရုဏ်းတွေကို ထိထိရောက်ရောက် အရေးယူတာမျိုး မရှိခဲ့ဘူး ဆိုတာကို ဓါတ်ပုံ အထောက်အထားတွေနဲ့ တွေ့ရတယ် လို့လည်း ဆိုပါတယ်။

Thursday, March 19, 2015

သမိုင်းအမှန်နဲ့ သမိုင်းကျန်ခဲ့သူ

(ဝဲမှ ယာ) ဗိုလ်မှူး ဘရှင်၊ ဦးဘိုကေ၊ မင်းသုဝဏ်၊ မစ္စတာ လု(ခ်) (ဓာတ်ပုံ – သပြေညို)
နိုင်ငံတနိုင်ငံရဲ့ သမိုင်းအမှန်ကိုသိရဖို့ သမိုင်းပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ အရေးကြီးပါတယ်။ သမိုင်းကို မှန်မှန်ကန်ကန် သိမြင်နိုင်မှသာ အတိတ်မှာ ဘာတွေဖြစ်ခဲ့ တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ပြီး အနာဂတ်အတွက် ပြင်ဆင်နိုင်မှာပါ။ အဲဒီလို သမိုင်းအမှန်တွေသိရဖို့ ကြိုးစားအားထုတ်ပြီး သုတေသနတွေပြုလုပ်၊ ဆောင်းပါးတွေ ရေးသားခဲ့တဲ့ ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် တယောက်ကတော့ “ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်” ပါပဲ။ ဗိုလ်မှူး ဘရှင်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တာမို့ ၂၀၁၅ ခုနှစ်ဟာ နှစ်တရာပြည့်တဲ့နှစ် ဖြစ်ပါတယ်။ လက်ရှိ မျိုးဆက် တွေအနေနဲ့ ဗိုလ်မှူး ဘရှင် ဘာတွေလုပ်ခဲ့သလဲ၊ ဘာကြောင့် ကမ္ဘာကပါ လေးစား အသိအမှတ်ပြုရတဲ့ သမိုင်းပညာရှင်တယောက် ဖြစ်ရတာလဲဆိုတာ သိဖို့ လိုပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ က ဗဟန်းမြို့နယ် “တော်ဝင်နှင်းဆီ (သီရိခန်းမ)” မှာ ကျင်းပခဲ့တဲ့ “ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် ရာပြည့်အကြို အခမ်းအနား” က ကျမတို့ သိချင်နေ တဲ့ အဖြေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ခန်းမထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗိုလ်မှူး ဘရှင်ရဲ့ ခန့်ညားတဲ့ ဓာတ်ပုံဒီဇိုင်းကို တွေ့လိုက်ရလေရဲ့။ အခမ်းအနားကိုတက်ရောက်လာကြသူ အတော် လေးများပြားသလို နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ တက်ရောက်လာတာဟာ အားတက်စရာ ကောင်းပါ တယ်။ ဗိုလ်မှူး ဘရှင်ဟာ တပ်မတော်မှာ စစ်အရာရှိ အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး လူထုက ချစ်ခင်ရတဲ့ တပ်မတော်အရာရှိတယောက် ဖြစ်ခဲ့တာကလည်း ထူးခြားမှုပါ။ ဗိုလ်မှူး ဘရှင်ရဲ့ ဘဝကောက်ကြောင်းတွေဟာ စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ သူဟာ ပျဉ်းမနားဇာတိဖြစ်ပြီး ၁၉၃၃ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ ယုဒသန်ကောလိပ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာတော့ အရှေ့တိုင်းရာဇဝင် ဂုဏ်ထူးတန်းနဲ့ ဝိဇ္ဇာဘွဲ့ရခဲ့တာ ပါ။ ၁၉၃၈ ခုနှစ်ကနေ ၁၉၄၁ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်မှာ အရှေ့တိုင်းရာဇဝင်နည်းပြ၊ အဲဒီက နေ လက်ထောက်ကထိကအဖြစ်နဲ့ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်တယောက်ဖြစ်ခဲ့ တဲ့ ဗိုလ်မှူး ဘရှင်ဟာ မြန်မာနိုင်ငံအပေါ် သစ္စာ စောင့်သိတဲ့ အစ္စလာမ်ဘာသာဝင်တယောက် ဖြစ် တယ်ဆိုတာကိုတော့ မမေ့မလျော့ ထည့်ပြောရပါ လိမ့်မယ်။ အစ္စလာမ် ဘာသာဝင်တယောက် ဖြစ်ပေမယ့် ဗမာစာ၊ ဗမာစကားမှာ ကျွမ်းကျင်ခဲ့သလို ပါဠိမှာလည်း အထူးကျွမ်းကျင် ခဲ့တာပါ။ သမိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို နိုင်ငံအကျိုးကိုပဲ ရည်မျှော်ပြီး ရေးသားခဲ့သလို တိုင်းရင်း သားတွေနဲ့ တသားတည်းရှိတဲ့ ပညာရှင်တယောက်ရဲ့ စိတ်ဓာတ် ကို ချီးကျူးလေးစားရပါလိမ့်မယ်။ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၃ အထိ ဗိုလ်မှူးဘရှင်ဟာ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး ဥာဏ ဗလ တာဝန်ခံ၊ ၁၉၄၃ ခုနှစ်မှာ ဗမာ့ကာကွယ်ရေး တပ်မတော်မှာ ဗိုလ်ကြီး၊ တပ်မတော်ပညာရေး ပညာရှင်ဖြစ်ခဲ့သလို ဂျပန် တော်လှန်ရေးမှာ တိုင်း ၄ ကနေ ပါဝင်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ တပ်မတော်မှာ ဗိုလ်မှူး၊ အင်္ဂလန်မှာ စစ်သံမှူး ဒုတိယ ဗိုလ်မှူးကြီး၊ ၁၉၆၀ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်မှာ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ကျမ်းပြုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းရင်းသား ဘာသာစကားတွေ သင်ကြား နိုင်ဖို့ကြိုးစားနေတဲ့ အခုအချိန်နဲ့ နှိုင်းယှဉ်စဉ်းစား ကြည့်ရင် ဗိုလ်မှူးဘရှင်ကို ခေတ်ရှေ့ပြေးသူတယောက် လို့သတ်မှတ်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ မွန်၊ ခမာ၊ တိဘက်၊ မြန်မာ၊ ရှမ်း၊ တရုတ်နဲ့ အိန္ဒိယ ဘာသာစကားတွေကို လေ့လာလိုက်စားခဲ့လို့ပါ။ ကျောက်စာဖတ်ရာမှာ ကျွမ်းကျင်ခဲ့သလို ခေတ် ဟောင်း မွန်မြန်မာ ကျောက်စာ၊ မင်စာနဲ့ မြန်မာ့ တိုင်းရင်းသား လူမျိုးစုရေးရာတွေမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ပညာရှင်တဦးအဖြစ် သတ်မှတ်ခံခဲ့ရပါ တယ်။ ရာပြည့်အကြို အခမ်းအနားကို တက်ရောက် လာသူတွေထဲက သမိုင်းပါမောက္ခဟောင်း ဒေါက်တာ ခင်မောင် ညွန့်၊ NLD နာယက သူရဦးတင်ဦး၊ ရွှေဝါ ရောင် သံဃာ့တပ်ပေါင်းစု ဆရာတော် ဦးဩဘာသ၊ ရခိုင်တိုင်းရင်း သား ခေါင်းဆောင် ဦးအေးသာ အောင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဦးအေးလွင်၊ ခရစ်ယာန်ဝတ်ကျောင်းတော်များ ကော်မတီအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးစောရွှေလင်း၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့ ဦးစန်းမင်းနိုင်၊ Pen Myanmar က စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) က ကိုမင်းဇေယျာ၊ ကချင်အမျိုးသမီး ငြိမ်းချမ်းရေးအဖွဲ့က ဒေါ်ခွန်ဂျာ တို့က ဗိုလ်မှူး ဘရှင်နဲ့ ပတ်သက်ပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့ကြ ရာမှာ လက်ရှိ နိုင်ငံအခြေ အနေနဲ့ ဆက်စပ်ပြောသွားတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ သိပ်မကြာခင်ကပဲ ရှမ်းပြည်နယ် ပန်ဆိုင်းမြို့ နယ် ကောင်းခါးရွာမှာ ကချင်ခရစ်ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ယောက် အဓမ္မပြုကျင့်သတ် ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်က တိုင်းရင်းသားတွေ ကြားမှာ တုန်လှုပ် ချောက်ချားခဲ့ရပါတယ်။ တိုင်းရင်း သား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတာ၊ အနိုင်အထက်ပြုကျင့်တာတွေ ရပ်တန့်ဖို့ လိုအပ်နေတဲ့အကြောင်း ထောက်ပြပြောဆိုခဲ့ကြသလို လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီး နေသူတွေရဲ့ ထောင်ချောက်တွေကို ရှောင်ရှားဖို့ လိုတယ်ဆိုတာ ကိုပါ ထည့်သွင်းပြောကြားသွားခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ဖြစ် သလို ရာပြည့်အခမ်းအနား ကျင်းပရေးကော်မတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းကြည်က ဘာသာပေါင်းစုံ လေးစားချစ်ကြည်ရေးနဲ့ သဟဇာတဖြစ်ရေး၊ လူနည်းစု တိုင်းရင်း သားတွေ၊ ဘာသာဝင်တွေအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှု ပပျောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ် တယ်လို့ ရှင်းပြပါတယ်။ ဒါ့အပြင် ဗိုလ်မှူး ဘရှင်ဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က တာဝန် ကျေခဲ့သလို သမိုင်းပညာရှင် တယောက်အနေနဲ့ တာဝန်ကျေခဲ့သူဖြစ်လို့ လေးစားခံထိုက်တဲ့ တန်ဖိုး ထားထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ပိုပြီး ပေါ်လွင်ထင်ရှား လာရပါတယ်။ “သမိုင်းဆိုတာ ဆရာပြောတာလိုက်ရေး လိုက် မှတ်နေတာ သမိုင်းမဟုတ်ဘူး၊ တူးကြည့်မှ သမိုင်း မှန်တယ်” ဆိုတဲ့ ဒေါက်တာ ခင်မောင်ညွန့်ရဲ့ စကား ဟာ မှတ်သားစရာ ကောင်းနေပါတယ်။ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် နိုင်ငံအပေါ်၊ ပြည်သူ အပေါ် အကျိုးပြုခဲ့သူကိုသာ လေးစားကြမှာပဲလို့ ကျမ တွေးမိပါရဲ့။ ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်ကတော့ “ဗိုလ်မှူးကြီး ဘရှင်ဟာ ၁၉၅၆ ခုနှစ်မှာ တပ်မတော်က အငြိမ်းစားယူပြီး အာဏာသိမ်းတပ်မတော်မှာမပါဝင်တော့လို့ ကျနော် လေးစားတယ်” ဆိုတဲ့စကားကလည်း မှတ်သားစရာ ပါပဲ။ သေချာတာက ဗိုလ်မှူး ဘရှင်ဟာ တပ်မတော် မှာ အမှုထမ်းခဲ့ပေမယ့် ကိုယ်ကျိုးရှာတဲ့ အရာရှိ တယောက် မဟုတ်ပါဘူး။ “ငါကတော့ အစ္စလာမ် ဘာသာ၊ သူကတော့ ဗုဒ္ဓဘာသာ” လို့ ခွဲခြား အလုပ်လုပ်တတ်သူ မဟုတ်ဘူးဆိုတာ သူ့လုပ်ဆောင်ချက် တွေက သက်သေပြနေပါတယ်။ လက်ရှိအချိန်မှာ ကျမတို့ လိုအပ်နေ တာကလည်း လူမျိုး၊ ဘာသာ ခွဲခြားနေမယ့်အစား ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ ရေးအတွက် အတူလက်တွဲ ပြီး ပန်းတိုင်ကို ရောက်အောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ သမိုင်းကို လိမ်ညာ ဖုံးကွယ်မှုတွေကို လူတစုက ပြုလုပ်ခဲ့ကြပေမယ့် သမိုင်းဟာ ရပ်တန့်မနေသလို လိမ်ညာလို့လည်း မရပါဘူး။ နိုင်ငံရဲ့အတိတ်ကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ဖို့ သမိုင်းအမှန် တွေ ဖော်ထုတ်ဖို့က သမိုင်းပညာရှင်တွေရဲ့ တာဝန်ဖြစ်ပြီး ဗိုလ်မှူးဘရှင်ဟာ အဲဒီ တာဝန်ကို ကျေပွန်ခဲ့သူပါ။ ပါမောက္ခ လု့စ်ရဲ့ ထင်ရှားတဲ့ စာအုပ်တအုပ်ဖြစ်တဲ့ Old Burma-Early Pagan စာအုပ်မှာ ဗိုလ်မှူး ဘရှင်က ပူးတွဲ ရေးသားသူ (Joint Author) အဖြစ် ပါဝင်ခဲ့ပါသေး တယ်။ သူ့ရဲ့ သုတေသန လက်ရာတွေထဲမှာ မြန်မာနိုင်ငံ သမိုင်းကော်မရှင်က ထုတ်ဝေခဲ့တဲ့ လောက ထိပ်ပန် (Loka Hteik Pan) ဟာ အထင်ရှားဆုံး ဖြစ်ပြီး ပုဂံအနုပညာနဲ့ ဗိသုကာ ပညာတွေကို အကျယ်တဝင့် ရှင်းပြထားတာ ပါ။ ဗိုလ်မှူး ဘရှင် ပြုစုခဲ့တဲ့ စာအုပ်တွေကိုကြည့်ရင် “ခေတ်သစ်မာဃ” (၁၉၃၇)၊ “မြန်မာနိုင်ငံ ကျေးလက်ပြုပြင် ရေး ကော်မတီ” (၁၉၃၉)၊ “မြန်မာနိုင်ငံ သမိုင်း” (၁၉၄၈)၊ “Loka Hteik Pan” (အင်္ဂလိပ်ဘာသာ) (၁၉၆၂)၊ “ပုဂံမင်စာစု” (၁၉၆၄)၊ “စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ဆိုင်ရာ သမိုင်းစာတမ်း” (၁၉၆၉)၊ “အနော်ရထာ အရင်က မြန်မာနိုင်ငံ” (၁၉၇၀) လို့ တွေ့ရမှာ ဖြစ်ပါ တယ်။ ကွယ်လွန်တဲ့အချိန်အထိ အလုပ်အပေါ်တန်ဖိုး ထားပြီး နေထိုင်သွားခဲ့သူဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ ဗိုလ်မှူးဘရှင် ကွယ်လွန်ခဲ့တာ ၄၅ နှစ်ရှိခဲ့ပြီဖြစ်ပေမယ့် သူ့ဂုဏ်သိက္ခာက ရှင်သန်နေဆဲပါပဲ။ ဒါ့အပြင် သူဟာ သူ့ရဲ့သမိုင်းကိုပါ အလှဆုံး ရေးသားသွားနိုင်ခဲ့ သူဆိုရင် မမှားပါဘူး။ ၂၀၁၅ ခုနှစ်အလွန် မြန်မာနိုင်ငံရဲ့ သမိုင်းကို ရော တချိန်ချိန်မှာ မှတ်တမ်းတင်တဲ့အခါ အရုပ်ဆိုး နေမှာလား၊ သမိုင်းကြောင်း ကောင်းမှာလားဆိုတာ ငြိမ်းချမ်းရေး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ၊ တိုင်းရင်းသား တွေ တန်းတူရည်တူရှိရေး၊ လူမျိုး ဘာသာ မခွဲခြားဘဲ မေတ္တာစိတ်နဲ့ ယှဉ်တွဲနေထိုင်ရေး တွေကို ဘယ်လောက် အထိ လက်တွေ့ဖော်ဆောင် နိုင်သလဲအပေါ် မူတည်နေပါတယ်။ သေချာတာက သမိုင်းဆိုတာ အချိန်ဘယ် လောက်ပဲကြာကြာ လိမ် ညာဖုံးကွယ်လို့မရဘဲ မှန်မှန်ကန်ကန် ရပ်တည်ရှင် သန်ခဲ့သူတွေကိုသာ သမိုင်းက “နေရာ” ပေးမှာလို့ ထင်မြင်မိပါကြောင်း။

ဧရာဝတီ မြန်မာ စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။ 

Saturday, March 14, 2015

တရုတ်မြန်မာနယ်စပ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များပျံဝဲနေ တရုတ်ပိုင်နက်အတွင်းသို့ ပစ်ခတ်ခဲ့မှု မရှိဟု မြန်မာဘက်က ငြင်းဆိုထား

Flowers News Via Yangon Media Group on Facebook. (Creditors). =============================================== - စိုင်းထွန်းအောင်လွင် ကိုးကန့်ဒေသနှင့် နယ်မြေချင်းထိစပ်နေသည့် တရုတ်မြန်မာနယ်စပ် တလျှောက်တွင် တရုတ်နိုင်ငံဘက်မှ စစ်လေယာဉ်များ ပျံဝဲနေကြောင်း တရုတ် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ‘ အခုနယ်စပ်မှာက တရုတ်တပ်မတွေနေရာယူထားသလို လေယာဉ်ပစ် လက်နက်တွေလည်း တပ်ဆင်ထားတယ် နယ်စပ်တလျှောက်မှာပါပဲ တရုတ်တိုက် လေယာဉ်တွေလည်း ၀ဲနေတယ် ‘ ဟု တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တဦးက ဖလားဝါးနယူးစ်သို့ ပြောသည်။ မတ်လ ၁၃ ရက်နေ့က တရုတ်မြန်မာနယ်စပ်အနီး တရုတ်ပိုင်နက်အတွင်း ယူနန်ပြည်နယ် လင်ကန်းမြို့( မြန်မာဘက်မှ ချင်းရွှေဟော်၏ အရှေ့ဘက်ခြမ်း ) အတွင်းရှိ ကြံစိုက်ခင်းအတွင်း ဗုံးဆံထိမှန်မှုကြောင့် တရုတ်နိုင်ငံသား လေးဦး သေဆုံးခဲ့ရပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ တပ်လှန့်မှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်လေတပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ရှန်ဂျင်ခဲကလည်း တရုတ်လေယာဉ်များကို နယ်စပ်သို့ စေလွတ်ထားကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။ မတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့၏ တိုက်ပွဲအတွင်း မြန်မာတပ်မတော်ဘက်မှ လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဗုံးဆံအချို့မှာ တရုတ်ပိုင်နက်အတွင်းကျရောက်ခဲ့ကာ တရုတ်နိုင်ငံသား၎ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တရုတ်မီဒီယာများက ဖော်ပြကြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီးမှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဖြစ်စဉ်ကိုရှုံ့ချကြောင်းနှင့် အမှုမှန် ပေါ်ပေါက်လာစေ၇န် အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်.။ မြန်မာသမ္မတရုံးကမူ မြေပြင်သတင်းများအရ ယင်းကဲ့သို့တိုက်ခိုက်မှုမှာ တပ်မတော်လေယာဉ်များမှ ပြုလုပ်ခဲ့ခြင်း မဟုတ်ဟု ဆိုသည်။ သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ‘ အခုတိုက်ခိုက်ခဲ့တာက မြန်မာတပ်မတော်ဘက်က တိုက်ခိုက်တာ မဟုတ်ဘူး ၊ လေယာဉ်ပျံသန်းမှုနဲ့ဆိုင်တဲ့ Record တွေရှိတယ် မြေပြင်သတင်း အချက်လက်တွေရှိတယ် ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့မယ်ဆိုရင် ဗုံးဆံကအစ သဲလွန်စတွေ ရမယ်ဆိုရင် ဒီကိစ္စက ဘယ်သူလုပ်သလဲဆိုတာ အဖြေကိုရှာနိုင်ပါလိ့မယ် ‘ ဟု ပြောသည်။ မြန်မာအနေဖြင့် တရုတ်သံတမန်များအား ခေါ်ယူရှင်းပြန်ရန် ရှိနေကြောင်းလည်း အဆိုပါ သ္မတရုံး အကြီးတန်းအရာရှိက ပြောသည်.။ ‘ ကျန်တော့်အမြင်နဲ့ပြောရရင် ဒီလိုကိစ္စတွေက မကောင်းဘူး အစကတည်းက အိပ်နေတဲ့ နဂါးသွားမနှိုးနဲ့လို့ ပြောခဲ့တာပဲ. တပိုင်းက တရုတ်နဲ့ သံတမန် အချင်းချင်းဖြေရှင်းဖို့လိုသလို တပိုင်းက အခုလို နယ်စပ်နားမှာ အင်အား ဘယ်လောက်မှ မရှိတဲ့အဖွဲ့တွေကို လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေတာတွေ ကို ရပ်တန်းက ရပ်ဖို့လိုတယ်’ ဟု နယ်စပ်စစ်ရေး နိုင်ငံရေး အကဲခတ် တဦးဖြစ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

Friday, March 13, 2015

ဂျာမနီမှာ မွတ်စလင်မ် ကျောင်းဆရာတွေ ခေါင်းစည်း စည်းတာ တားမြစ်မှု ရုပ်သိမ်း။

ဂျာမနီ မှာ မွတ်ဆလင် ကျောင်းဆရာ တွေကို ခေါင်းစည်း စည်းတာကို တားမြစ်တဲ့ အမိန့်ကို အမြင့်ဆုံး တရားရုံးက ပြန် ရုပ်သိမ်း ပေးခဲ့ပါတယ်။
၂ဝဝ၃ ခုနှစ်က ဆုံးဖြတ်ချက်ဟာ ဘာသာရေး လွတ်လပ်ခွင့် ကို ချိုး ဖောက် နေတယ်လို့ အခြေခံ ဥပဒေ ခုံရုံးက ဆုံးဖြတ် ခဲ့ပါတယ်။ မွတ်ဆလင် ကျောင်းဆရာမ တယောက် အလုပ်လျှောက်တာ မအောင်မြင် ခဲ့ရာက ဒီအမှု တရားရုံးကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။ ထိပါးနှောင့်ယှက်မှု ကြီးကြီးမားမား ရှိမှသာ ဘာသာရေး အထိမ်းအမှတ်တွေကို တားမြစ် နိုင်တယ်လို့ အခြေခံ ဥပဒေ ခုံရုံး ဆုံးဖြတ်ချက်က ဖော်ပြ ထားပါတယ်။

Monday, March 2, 2015

ဂျာမနီနှင့် ဖင်လန်နိုင်ငံရှိ ရေဒီယိုများတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို အနက်ဖွင့်ဆိုချက်နှင့်တကွ ထုတ်လွှင့်သွားမည်

==================== မတ် ၂၊ ၂၀၁၅ Credit to> M-Media - အစ္စလာမ်နှင့် ပတ်သက်၍ ပြည်သူများ၏ အသိပညာ တိုးပွားစေရန်အတွက် ကျမ်းတော်မြတ်မှ ပါဒတော်များ၏ အဓိပ္ပါယ်၊ အနက်ဖွင့်ဆိုချက်များနှင့်တကွ ဖင်လန်နှင့် ဂျာမနီရှိ ရေဒီယိုဌာနများမှ အပတ်စဉ် ထုတ်လွှင့်ပေးတော့မည်ဟု သိရသည်။ “ကျွန်တော်ပြန်တဲ့ ဘာသာပြန် ဖတ်ကြားတာကို ကြားရမှာ သိပ်ကောင်းပါတယ်။ ကုရ်အာန်းကျမ်းတော်မြတ် တစ်အုပ်လုံးကို ထုတ်လွှင့်ဖို့ဟာ အရေးကြီးပြီး အစ္စလာမ်ဟာ ဆိုးတယ်၊ အကြမ်းဖက်တယ်။ ဒါမှမဟုတ် အစ္စလာမ်ဟာ လှပတယ်၊ ကောင်းမွန်တယ်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုပဲ ထုတ်ပြတာမျိုး မဖြစ်ရပါဘူး။ ပါဒတော်အားလုံးက နားထောင်သူတွေ ဆုံးဖြတ်ဖို့အတွက် ဖြစ်စေမှာပါ” ဟု ကုရ်အာန်ကျမ်းတော်မြတ်ကို ဖင်လန်ဘာသာသို့ ပြန်ဆိုခဲ့သူ ပရော်ဖက်ဆာ ဂျက်ကို ဟာမီန်း-အန့်တီလာက ဖင်လန် ရေဒီယိုကုမ္ပဏီ Yle ၏ Radio 1 သို့ ပြောကြားခဲ့သည်။ Yle ကုမ္ပဏီက ဆောင်ရွက်မည့် ထို ထုလွှင့်ခြင်းအစီအစဉ်မှာ တစ်ကြိမ်လျှင် နာရီဝက်စီကြာမြင့်မည်ဖြစ်ပြီး အပိုင်းပေါင်း ၆၀ ပါဝင်မည်ဖြစ်သည်။ အပိုင်းတစ်ခုချင်းစီတွင် ဖင်လန်မွတ်စလင်လူ့အဖွဲ့အစည်း ခေါင်းဆောင် အီမာမ် အနတ်စ် ဟက်ဂျာနှင့် ပါမောက္ခ ဟာမီန်း အန့်တီလာတို့၏ ဆွေးနွေးခန်းလည်း ပါဝင်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဖတ်ကြားခဲ့သည့် ကုရ်အာန်ကျမ်းတော်မြတ် ပါဒတော်၏ ဘာသာရေးနှင့် သမိုင်းကြောင်းဆိုင်ရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။ “အီမာမ် အနတ်စ် ဟက်ဂျာနဲ့ ကျွန်တော်တို့ဟာ စာပိုဒ်တစ်ခုကိုဖတ်ပြီး အဲဒီစာပိုဒ်ကို ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖော်ပြသွားမှာပါတယ်။ အီမာမ်ဟက်ဂျာက ပါဒတော်ရဲ့ လက်တွေ့သဘောနဲ့ ခေတ်ပြိုင် အဓိပ္ပါယ်ကို ပြောသွားမယ်။ ကျွန်တော်ကတော့ ဒီပါဒတော်နဲ့ စက်ဆပ်နေတဲ့ သမိုင်းကြောင်းကို သုံးသပ်သွားမှာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဟာမီန်းက ပြောကြားခဲ့သည်။ ထို့ပြင် ထိုဆွေးနွေးမှုများတွင် လူပြည့်လောကနှင့် နောက်တမလွန်ဘ၀အကြောင်းများ၊ လူများကို အနှောက်အယှက်ပေးသည့် စာတန်မိစ္ဆာအကြောင်းနှင့် နေ့စဉ်ဘ၀ ကျင့်သုံးလိုက်နာရမည့် ညွှန်ကြားချက်များလည်း ပါဝင်မည်ဖြစ်သည်။ Yle ကုမ္ပဏီကမူ အဆိုပါ အစီအစဉ် ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက်ရရှိရန် ဖင်လန်နိုင်ငံရှိ အစ္စလာမ်ဘာသာရေး တာဝန်ရှိသူများမှ ကိုယ်စားလှယ်များကို ဆော်သြတိုက်တွန်းခဲ့သည်။ “ဒီအစီအစဉ်က တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့အတွက် အရေးပါတဲ့ အဆင့်ပါပဲ။ ပြီးတော့ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ ဒီထဲမှာ ပါဝင်တာတွေကို ပြောပြဖို့ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်” ဟု အီမာမ် အနတ်စ် ဟက်ဂျာက ထပ်လောင်းပြောကြားခဲ့သည်။ ဖင်လန်နိုင်ငံ၏ လူဦးရေ ၅.၂ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူဦးရေ ၄၀၀၀၀ မှ ၄၅၀၀၀ အကြား ရှိနေသည်။ ဂျာမနီတွင်လည်း ဆောင်ရွက်မည် ဂျာမနီ၏ Radio Deutschland ကလည်း ကုန်အာန်ကျမ်းတော်မြတ် ထုတ်လွှင့်မှု စီးရီးအသစ်ကို ယခုလတွင် စတင်မည်ဖြစ်သည်။ အဆိုပါ အစီအစဉ်ခေါင်းစဉ်ကို Quran declares ဟု အမည်ပေးထားပြီး လာမည့်သောကြာနေ့တွင် စတင်မည်ဖြစ်ကာ အပတ်စဉ် တင်ဆက်သွားမည်ဖြစ်သည်။ ၄ မိနစ်တာ ကြာမြင့်မည့် အဆိုပါ ထုတ်လွှင့်မှုအစီအစဉ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ပထမ ရွတ်ဖတ်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အစ္စလာမ့်ပညာရှင်တစ်ဦးက အဓိပ္ပါယ်ပြန်ဆိုချက်ကို ပြောကြားသွားမည်ဖြစ်သည်။ ဂျာမနီတွင် အစ္စလာမ်သာသာဝင်ဦးရေ ၄ သန်းခန့်ရှိမည်ဟု ယုံကြည်ရပြီး ဘာလင်မြို့တစ်မြို့တည်းတွင်ပင် ၂၂၀၀၀၀ ခန့် ရှိနေသည်။ ကုရ်အာန်ကျမ်းတော်မြတ်မှာ ဘုရားသခင်မှ တမန်တော်မုဟမ္မဒ်ထံ ချပေးခဲ့သည့် ကျမ်းစာဖြစ်ပြီး အာရဘီဘာသာစကားဖြင့် ရေးသားထားခြင်ဖြစ်ကာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀ ကျော် စတင်ကျရောက်လာသည့် အချိန်မှစ၍ ယခုအချိန်အထိ တစ်လုံးတစ်ပါဒမှ ပြင်ဆင်ပြောင်းလဲထားခြင်း မရှိချေ။ Ref: Onislam

Wednesday, February 25, 2015

မန္တလေးပဋိပက္ခတွင် အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမျိုးသား ၁၅ဦးအား ထောင်ဒဏ်များချမှတ်

By မောင်တာ On Wed, 2015-02-25 17:36 Location မန္တလေး Issue No. No.665 Wednesday, February 25, 2015 မန္တလေးမြို့တွင် ဖြစ် ပွားခဲ့သည့် ဘာသာရေး၊ လူမျိုး ရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အ ကြမ်းဖက်မှုများအတွင်း သေဆုံးခဲ့ သူ ကိုထွန်းထွန်း၏ နာရေးသို့လိုက် ပါပို့ဆောင်ရာ၌ အစ္စလာမ်ဘာ သာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှု ဖြင့် အမှုဖွင့်ခံရသူ အမျိုးသား ၁၅ ဦးအား ပုသိမ်ကြီးမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၂၄ ရက်တွင် နှစ်ချီထောင်ဒဏ်များ ချ မှတ်ခဲ့ကြောင်း သတင်းရရှိသည်။ အစ္စလာမ်ဘာသာဝင်တို့၏ သင်္ချိုင်းဖျက်ဆီးမှုဖြင့် အမှုဖွင့်ခံရ သည့် ပုသိမ်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်မှ အ သက်(၂၀)ကျော်အရွယ် အမျိုး သား ၁၅ ဦးအား သာသနိက အ ဆောက်အအုံဖျက်ဆီးမှုအတွက် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၃၆ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့ ခြင်းဖြစ်သည်။ အမှုဖွင့်ခံရသူ ၁၅ ဦးအနက် ၁၃ ဦးအား ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ်တစ်နှစ် စီနှင့် အမျိုးသားနှစ်ဦးအား ပုဒ်မ ၄၃၆ အရ ထောင်ဒဏ်၂ နှစ်စီ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်ဒဏ်ကျခံရသူတို့၏ မိသားစု ၀င်များကပြောသည်။ ပြီးခဲ့သည့် ၂၀၁၄ ဇူလိုင်လ ဆန်းက မန္တလေးမြို့တွင် ဖြစ်ပွား ခဲ့သော ဘာသာရေး၊လူမျိုးရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်း ဖက်မှုများဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သူ ကိုထွန်းထွန်း (ခ)ရောင်ပြန်၏ နာရေးလိုက်လံပို့ ဆောင်ရာ လူငယ်အချို့က ကြာနီ ကန်(အေးရိမ်ငြိမ်)ရှိ အစ္စလာမ် ဘာသာဝင်တို့၏ သင်္ချိုင်းအား မီး ရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဆိုကာ ပုသိမ်ကြီးမြို့မရဲစခန်းက အမျိုးသား၁၅ ဦးကို ဖမ်းဆီးကာ အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ဆရာတော်၊ သံဃာတော် များ၏ သြ၀ါဒနှင့်အညီ မန္တလေး မြို့သူမြို့သားများ၏ ဘာသာ ပေါင်းစုံချစ်ကြည်ရင်းနှီးမှုကို ပြသ သည့်အနေဖြင့် အစ္စလာမ်သင်္ချိုင်း ဖျက်ဆီးမှုဖြင့် တရားရင်ဆိုင်နေရ သူ ၁၅ ဦးအား အစ္စလာမ်သင်္ချိုင်း အုပ်ချုပ်မှုကော်မတီက ပြီးခဲ့သည့် အောက်တိုဘာအတွင်း ခွင့်လွှတ် ကျေအေးပေးခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က လက်မခံဘဲ ဆက်လက်တရား စွဲဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ‘‘အစ္စလာမ်သင်္ချိုင်းအုပ်ချုပ် မှုကော်မတီက အမှုကျေအေးပေး တယ်။ ဒါပေမဲ့ တိုင်းဒေသကြီးအ စိုးရအဖွဲ့က လက်မခံဘူး။ ဆက် လက်တရားစွဲပြီး ပြစ်ဒဏ်ချမှတ် တာဖြစ်ပါတယ်’’ဟု တရားခံများ ဘက်မှ ရှေ့နေလိုက်ပေးခဲ့သူရှေ့ နေဦးသိန်းသန်းဦးကပြောသည်။ ပြစ်ဒဏ်ကျခံရသော်လည်း ဆက်လက်အယူခံဝင်မည်မဟုတ် ဘဲ ချုပ်ရက်များကြောင့်အမြန်ဆုံး ပြန်လည်လွတ်မြောက်လာရေးကို သာ မျှော်လင့်ကြောင်း ပြစ်ဒဏ် ကျခံရသူတို့၏ မိသားစုဝင်များက ပြောသည်။ ၂၀၁၄ ဇူလိုင်လဆန်းကဖြစ် ပွားခဲ့သည့် မန္တလေးမြို့အဓိကရုဏ်းဖြစ်စဉ်အတွင်းအမှုပေါင်း ၁၉မှုဖြစ်ပွားခဲ့ကာ လူနှစ်ဦးသေ ဆုံးခဲ့ပြီး နှစ်ဆယ်ကျော် ထိခိုက် ဒဏ်ရာများရရှိခဲ့သည်။ ယင်းအမှု များအတွက် လူ ၅၀ ကျော်ကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး လူ ၃၀ ခန့်မှာ ထွက်ပြေးလွတ်မြောက်နေ ဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဖမ်းဆီးရမိသူများကို အမှုဖွင့်ရုံး တင်စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ကျူးလွန်သည့်ပြစ်မှုများအလိုက် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။ 7Day News မှ ကူးယူဖေါ်ပြပါသည်။

Friday, January 23, 2015

ဆော်ဒီ ဘုရင် ကွယ်လွန်။

နမိုးနီးယားအဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတွင် ရက်သတ္တပေါင်းများစွာဆေးကုသမှုခံယူခဲ့ရသော ဆော်ဒီအာရေးဗျနိုင်ငံ၏ဘုရင်မင်းမြတ်အဗ္ဗဒွလ္လာဟ်သည် ယနေ့တွင် (သောကြာနေ့မနက်စောစော) အသက်၉၀အရွယ်၌ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်သည်။
Al Jazaeera

Wednesday, January 21, 2015

ရခိုင်ဒေသ လူ့အဖွဲ့အစည်းချင်း သင့်မြတ်ရေး ကန်ဝန်ကြီးတိုက်တွန်း

ဒုက္ခသည်၊ လူဦးရေနဲ့ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ဟာ ရခိုင်ပြည်နယ်ကိုသွားပြီး ပြည်နယ်အတွင်း နေထိုင်နေကြတဲ့ ဘာသာ၊ လူမျိုး မတူညီသူတွေအကြား တဘက်နဲ့ တဘက် သင့်တင့် မျှတအောင် နေထိုင်ကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ဟာ ရခိုင်အစိုးရတာဝန်ရှိသူတွေ၊ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် စစ်တွေ၊ မောင်တောမြို့တို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လည်ပတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Anne Richard ဟာ ဇန်န၀ါရီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ပြည်နယ်အစိုးရပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိ မြို့ဖတွေနဲ့ တွေ့ဆုံ ဆွေးနွေးတာအပြင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ မောင်တောမြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လည်ပတ်ခဲ့တဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က အခုလို ပြောပြပါတယ်။ “သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ လက်ထောက်ဝန်ကြီးအနေနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်က အရာရှိတွေ၊ ရခိုင်နဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်များအရေး အမေရိကန် - မြန်မာ တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာ လက်ထောက်ဝန်ကြီး Richard က အခုလို ရခိုင်ပြည်ကိုသွားခြင်း ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေအတွင်း ရခိုင်တိုင်းရင်းသားတွေနဲ့ မတူညီတဲ့ ဘာသာရေး အဖွဲ့အစည်းတွေအကြား အသက်ဆုံးရှုံးမှု ပပျောက်ရေးအတွက် သက်ဆိုင်ရာ အရာရှိတွေက ၀ိုင်းဝန်း ဆောင်ရွက်ပြီး အကြမ်းဖက်မှုတွေ ဆက်မဖြစ်ရေး အပါအ၀င် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဦးတည်စေမယ့် အခြေခံ လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ လက်ထောက်ဝန်ကြီး Richard က တိုက်တွန်းခဲ့ပါတယ်။” အဲဒီ ရည်မှန်းချက်တွေ ပြည့်မှီအောင် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနဲ့ လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူ အားလုံးရဲ့ လုံခြုံရေးကို တာဝန်ယူပေးတာ၊ လွတ်လပ်စွာ သွားလုပ်ခွင့်နဲ့ လူသားချင်း စာနာမှုအကူအညီ လိုအပ်နေသူတွေ အဟန့်အတားမရှိ ရရှိနိုင်ရေး လုပ်ဆောင်ပေးတာ၊ ရိုဟင်ဂျာလူမျိုးတွေကို တန်းတူ နိုင်ငံသား လျှောက်ထားခွင့် ပြုတာတွေပါ ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း လက်ထောက်ဝန်ကြီး Anne Richard က တိုက်တွန်း ပြောဆိုခဲ့တယ်လို့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အကူအညီ လိုအပ်နေသူတွေ အဟန့်အတားမရှိ လိုအပ်တဲ့ အကူအညီတွေ ရရှိရေး ဆောင်ရွက်ပေးဖို့ အစိုးရတာဝန်ရှိသူတွေက အာမခံချက်ပေးခဲ့တဲ့အပေါ်မှာလည်း လက်ထောက်ဝန်ကြီး Richard အနေနဲ့ အားရကျေနပ်မိတယ်လို့ ဆိုပါတယ်။ “လူမျိုး၊ ဘာသာမရွေး အကူအညီလိုအပ်နေသူတွေအတွက် လူသားချင်းစာမှု အကူအညီတွေ ပေးနေသူတွေ အတားအဆီးမရှိ အကူညီပေးနိုင်ရေးအတွက် ဗဟိုနဲ့ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေဘက်က အာမခံချက် ပေးခဲ့တဲ့အပေါ်မှာလည်း လက်ထောက်ဝန်ကြီးအနေနဲ့ အားရကျေနပ်မှု ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ စတင်ဖြစ်ပေါ်ပြီး လူတွေနဲ့ ရာနဲ့ချီ သေဆုံးခဲ့တာ ၂ နှစ်ခွဲလောက် ကြာလာတဲ့အချိန်ထိ အခြေအနေတွေက စိုးရိမ်စရာအဖြစ် ရှိနေသေးပေမဲ့လည်း IDP ဒုက္ခသည်တွေ နေထိုင်တဲ့ စခန်းအတွင်းက အခြေအနေတွေ တိုးတက်မှုရှိတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောကြပါတယ်။” ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေတွေဟာ လူမှုအသိုင်းဝိုင်း ၂ ဘက်စလုံးကို အကျိုးဖြစ်ထွန်းမှု မရှိစေတဲ့အကြောင်း၊ ဒါကြောင့်လည်း ဆင်းရဲမွဲတေမှု၊ ကန့်သတ်ချုပ်တည်းမှုနဲ့ အခွင့်အရေး နဲပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗုဒ္ဓဘာသာရော၊ မူဆလင် အသိုင်းဝိုင်းနဲ့ပါ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံနေခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီး Anne Richard က ပြောပါတယ်။ စစ်တွေမြို့မှာ လက်ထောက်ဝန်ကြီးနဲ့ ပြုလုပ်တဲ့ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ တဦးကတော့ ECC - အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေးဌာနက ဦးသာပွင့် ဖြစ်ပါတယ်။ သူက လူမှုအသိုင်းဝိုင်း ၂ ခုအကြား သင်တင့်မျှတအောင် နေထိုင်ကြဖို့ လက်ထောက်ဝန်ကြီးက တိုက်တွန်း ပြောဆိုတယ်လို့ ပြောပါတယ်။ “ကျနော်က ECC အဖွဲ့ဝင်ဆိုတော့ ECC အနေနဲ့ ခေါ်တွေ့တယ်။ နောက် ညနေဘက် ၅ နာရီခွဲမှာ ဒါကတော့ မြို့မိမြို့ဖအနေနဲ့ စစ်တွေဟိုတယ်မှာ တွေ့တယ်။ လိုရင်းကတော့ဗျာ သူတို့ကတော့ ကုလားတွေနဲ့ ဘယ်လိုသင့်မြတ်အောင် နေမလဲ။ ဒီလိုပဲမေးတာပေါ့ဗျာ။ ကျနော်တို့ဘက်ကလည်း ဒီနိုင်ငံသားရထိုက်သူတွေနဲ့တော့ သင့်တင့်အောင်နေမယ်။ နိုင်ငံသားမရထိုက်တဲ့သူတွေကိုတော့ စိစစ်ပေးဖို့ ခင်ဗျားတို့ တိုက်တွန်းပေးပါပေါ့။ ဒါပဲပေါ့။” ဒါပေမဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေထဲမှာ မမျှတမှုတွေ ပါဝင်နေတယ်ဆိုတာကို သူတို့ဘက်က ထောက်ပြ ပြောဆိုခဲ့တယ်လို့ ဦးသာပွင့်က ဆက်ပြောပါတယ်။ “ကျနော်တို့ရဲ့စကားအဆုံးကတော့ Development တွေ ဘာတွေ ဘယ်လောက်ပဲပြောပြော ကျနော်တို့က အခုလောလောဆယ်က ရခိုင်ပြည်နယ်မှာ ရခိုင်က ၂ သန်း၊ ကုလားက ၁ သန်းကျော်ရှိနေပြီ။ တကယ်လို့သာ ဒီမွေးနှုန်းနဲ့ ဒီမယားယူမှုနှုန်းနဲ့ဆိုရင် နောက် အနှစ် ၃၀ ဆိုရင် ၂၀၊ ၃၀ ဖြစ်ပြီး ကျနော်တို့ လူမျိုးကို လွှမ်းမိုးသွားမယ့် အခြေအနေရှိတယ်။ အဲ့ဒီအခြေအနေမှာ ဒီ Birth Control တို့၊ မိန်းမတွေ ယူချင်သလို ယူနေတာတွေကို ဥပဒေနဲ့အညီ မလုပ်ပေးမချင်း၊ နောက်တခုကလည်း ကျနော်တို့ဆီမှာ နှစ်ပေါင်းများစွာကတည်းက နေထိုင်နေတဲ့ ဘင်္ဂါလီတွေရှိတယ်ဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ ခင်ဗျားတို့ပြောသလို ရှိသမျှအကုန်လုံးဟာ နှစ်ပေါင်းများစွာကတည်းက နေတာမဟုတ်ဘူး။ မနေ့က ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကိုလည်း အရင်ရှိပြီးသား ဘင်္ဂါလီတွေက ဖွက်ထားပေးတယ်။ အဲ့ဒီလိုဖွက်ထားလို့ အစိုးရက စွဲပြီး စစ်ဆေးတာတွေ ဘာတွေလုပ်ရင် အကုန်လုံးက ၀ိုင်းပြီးတော့ ရန်ရှာတော့တာကိုး။ ဒီအခြေအနေတွေရှိနေတယ်။ ဒီလိုရင်းကိုပဲ ကျနော်တို့က ပြောတာပါ။” လက်ထောက်ဝန်ကြီး Anne Richard ဟာ ဒီကနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခရီးဆက်သွားပြီး ဘင်္ဂလားဒေ့ရှ် အစိုးရ ထိပ်တန်းအရာရှိတွေ၊ UNHCR နဲ့ NGO အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာ အရေးကိစ္စကို ဆက်လက် ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ဒါကာမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်မှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ မဟာဗျူဟာရေးရာအဖွဲ့က ဦးဆောင်ပြုလုပ်တဲ့ ဒုက္ခသည်၊ ရွှေ့ပြောင်းနေထိုင်သူများနဲ့ လူဦးရေဆိုင်ရာ အမေရိကန်အစိုးရ မူဝါဒဆိုင်ရာ ဟောပြောပွဲကို ဒီကနေ့ တက်ရောက်မှာ ဖြစ်ပါတယ်။
Credit to: VOA Burmese.

Saturday, January 17, 2015

အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင် အဖွဲ့တစ်ခုက လှုပ်ရှားမှုများ စတင်

အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံး မွတ်စလင် အဖွဲ့တစ်ခုက လှုပ်ရှားမှုများ စတင် ========================= ဇန်န၀ါရီ ၁၇၊ ၂၀၁၅ M-Media - အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့နေမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ စစ်မှန် သော သင်ကြားမှုများကို သိရှိစေရန်ရည်ရွယ်၍ အမေရိကန်ရှိ ထင်ရှားသော မွတ်စလင် လူ့အခွင့်အရေး အဖွဲ့ CAIR က မွတ်စလင် မဟုတ်သူများအား အသိပညာပေးရေး လှုပ်ရှားမှုနှစ်ခုကို စတင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်သီတင်းပတ်က ပြင်သစ်ရှိ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက် ခံခဲ့ရပြီး သေနတ်သမားများက တမန်တော် မိုဟာမက်အား လှောင်ပြောင် စော်ကားသည့် အတွက် လက်စားချေခြင်းဖြစ်သည်ဟု ဟစ်အော် ခဲ့ကြသည်။ ထို့ကြောင့် အစ္စလာမ်နှင့် လွတ်လပ်စွာ ပြောဆိုခွင့် အတွက် ဝေဖန်မှုများ ဖြစ်ပေါ်လာခဲ့ပြီး အစ္စလာမ်ကြောက်ရောဂါမှာလည်း အရှိန်မြင့်လာခဲ့သည်။ `စော်ကားမှုတွေ၊ လှောင်ပြောင်မှုတွေကို ငြိမ်းချမ်းစွာ တုံ့ပြန်ဖို့၊ အဲဒီလို လှောင်ပြောင်စော်ကား သူတွေနဲ့ ပတ်သက်ပြီး ဆုမွန်ကောင်းတောင်းပေးဖို့ မွတ်စလင်တွေကို ညွှန်ကြားထားတဲ့ ပါဒတော်တွေ ကုရ်အာန် ကျမ်းတော်မြတ် ထဲမှာ ထင်ထင်ရှားရှား အတိအကျကို ရှိနေပါတယ်။ လတ်လပ်စွာပြောဆိုခွင့် ဆိုတာ အစ္စလာမ့်ရဲ့ အနှစ်သာရတစ်ခုပါ´ ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR မှ အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟဒ် အ၀ဒ်က ပြောကြားခဲ့သည်။ ၀ါရှင်တန်အခြေစိုက် CAIR အဖွဲ့၏ လေ့လာမှုများအရ အစ္စလာမ်ဘာသာဝင် မဟုတ်သူများမှာ အစ္စလာမ်နှင့် ပတ်သက်၍ ပိုမိုသိနားလည်လာပါက မွတ်စလင် ဆန့်ကျင်ရေး မလိုမုန်း ထားမှုများမှာ နည်းပါးသွားကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် အစ္စလာမ်နှင့် ပတ်သက်သည့် စစ်မှန်သော သတင်းစကားများ ပြန့်နှံ့စေရန်အတွက် CAIR မှာ `Shard the Quran´ (ကုန်အာန်ကျမ်းတော်မြတ် မျှဝေကြစို့) လှုပ်ရှားမှုတစ်ခုကို ယခုနှစ်ပတ် အတွင်း စတင်ခဲ့ပြီး ကုရ်အာန် ကျမ်းတော်မြတ် ဘာသာပြန်များ တောင်းဆိုကြသော အမေရိကန်မှ အခြားသော ဘာသာဝင်များအား ဖြန့်ဝေပေးခဲ့ကြသည်။ CAIR မှ ဖြန့်ဝေပေးသော အဆိုပါ ကုရ်အာန် ကျမ်းတော်မြတ်တွင် အာရဗီ မူရင်း နှင့် အင်္ဂလိပ် ဘာသာပြန်တွဲထားပြီး ပါဒတော် တစ်ခုချင်းစီအတွက် ရှင်းလင်းချက် ကိုလည်း အောက်ခြေ မှတ်စုအဖြစ် ထည့်သွင်းထားသည်။ ထို့ပြင် သိလိုသည့် အကြောင်းအရာများကို အလွယ်တကူဖတ်ရှုနိုင်ရန် အတွက် အမျိုးသမီးများ၏ အခွင့်အရေး၊ လူမှုရေးဆိုင်ရာ တရားမျှတမှု၊ အခြား ဘာသာဝင်များအား လေးစား ခြင်း စသည့်ခေါင်းစဉ်များကို မာတိကာတွင် ဖော်ပြထားပြီး သက်ဆိုင်သည့် ကျမ်းချက်များကိုလည်း ညွှန်းဆိုထားသည်။
ကုရ်အာန်ကျမ်းတော်မြတ်အား အခမဲ့ ဖြန့်ဖြူးခြင်းအပြင် CAIR မှာ အစ္စလာမ် သာသနာနှင့် ပတ်သက်၍ ပရော်ဖက်ရှင်နယ် မီဒီယာသမားများ နားလည်စေရန် အတွက် အစ္စလာမ်သာသနာ၊ မွတ်စလင်တို့နှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ် တစ်အုပ်ကိုလည်း ဖြန့်ဖြူးခဲ့သည်။ အဆိုပါစာအုပ် ကို "American Muslims: A Journalist's Guide to Understanding Islam and Muslims" ဟု အမည်ပေးထားပြီး အစ္စလာမ်၊ မွတ်စလင်တို့နှင့် ဆက်စပ်နေသော နောက်ခံ သမိုင်းကြောင်းများ၊ အမေရိကန် မွတ်စလင်လူ့အဖွဲ့အစည်း အတွင်း ကျင့်သုံးမှုများ၊ သတင်း၊ အာဒီတာ့ အာဘော်များတွင် မကြာခဏ အသုံးပြုသော အစ္စလာမ့်ဝေါဟာရများ၏ အဓိပ္ပါယ် သတ်မှတ်ချက်များ စသည်တို့ ရှင်းလင်းဖော်ပြထားသည်။ ထို့အပြင် အစ္စလာမ်နှင့် ပတ်သက်၍ များသောအားဖြင့် နားလည်မှုလွဲမှားသော အကြောင်းအရာများဖြစ်သည့် အစ္စလာမ်နှင့် ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုးကွယ် ခွင့်၊ အစ္စလာမ်ကပြောသည့် အမျိုးသမီးအခွင့်အရေးနှင့် သာပေါင်းစုံချစ်ကြည်ရေး စသည့် အကြောင်းအရာများလည်း ပါဝင်သည်။ တရားဝင် တွက်ချက်ထားခြင်း မရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် အစ္စလာမ် ဘာသာဝင် ၆ သန်းမှ ၈ သန်းအထိရှိသည်။ Ref : onislam http://www.m-mediagroup.com/news/36562 အစ္စလာမ်ကြောက်ရောဂါကို တွန်းလှန်ရန် အမေရိကန်ရှိ အကြီးဆုံးမွတ်စလင်အဖွဲ့တစ်ခုက လှုပ်ရှ� Shareဇန်န၀ါရီ ၁၇၊ ၂၀၁၅ M-Media – အစ္စလာမ်ကြောက်ရောဂါ ပြန့်နှံ့နေမှုကို တွန်းလှန်ရန်နှင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို သိရှိစေရန်ရည်ရွယ်၍ အမေရိကန်ရှိ ထင်ရှားသော... m-mediagroup.com Maung Nyi Zaw Like ·

Facebook အသုံးပြုခြင်း။


မြန်မာပြည်မှာ Facebook ကို နိုင်ငံရေး သွေးထိုးလှုံ့ ဆော်လိုသော ရည်ရွယ်ချက်ဖြင့် စံနစ်တကျ အုပ်စုဖွဲ့  ဝါဒဖြန့် နေသော အုပ်စု ရှိသည်။


Credit to: Eleven Media Group

Monday, January 12, 2015

ပြည်ပအကြမ်းဖက်အဖွဲ့ အစည်းများဖြင့် ဆက်စပ်မှုရှိသည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စလာမ် ဘာသာဝင် ၂၀ ဦးကို ထောင်ဒဏ် နှစ်ရှည်ချက်မှက်။

ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
“အမှုတွဲ စစ်ဆေး ပေါ်ပေါက်ချက်အရ တရားခံတွေ ပြစ်မှု ကျူးလွန်တယ်ဆိုတာ တရားလိုဘက်က ထိထိမိမိ ခိုင်ခိုင်မာမာ မဖော်ထုတ်နိုင်ပါဘူး။ ဒီလို ပြစ်ဒဏ်ချလိုက်တဲ့ အပေါ်မှာ ကျနော်တို့လည်း တော်တော်လေး အံ့အားသင့်တာပေါ့။ ပြစ်ဒဏ်တွေက ပြင်းထန်လွန်းတယ်။ ဖြောင့်ချက်ပေးတဲ့ ပုဂ္ဂိုလ် ၃ ယောက်က လွဲရင် ကျန်တဲ့သူတွေက ညိစွန်းမှု မရှိဘူး” ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေဦးသိန်းရွှေက ပြောသည်။ တရားခံ ၁၈ ဦးကို နိုင်ငံတော်အရေးပေါ် စီမံမှု အက်ဥပဒေ ၅ (ည) အရ ထောင်ဒဏ် ၇ နှစ်၊ ၅ (ဌ) အရ ထောင်ဒဏ် ၇ နှစ်တို့ကို သီးခြားစီ ကျခံစေသဖြင့်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခဲ့ပြီး အသက် ၁၆ နှစ် အရွယ် တရားခံ ကိုအောင်ဆန်းဝင်းကို ယင်းပုဒ်မ နှစ်ခု တပေါင်းတည်း ကျခံစေသဖြင့် ထောင်ဒဏ် ၇ နှစ်သာ ကျခံရမည်ကြောင်း ရှေ့နေ ဦးသိန်းရွှေက ဆက်ပြောသည်။ တရားခံ ၂၀ ဦး အနက် တရားခံ ဦးသိန်းဇော် (ခ) ကံဖကို ထောင်ဒဏ် ၁၄ နှစ်အပြင်၊ မတရားအသင်းနှင့် ဆက်သွယ် ဆောင်ရွက်မှု ပုဒ်မ ၁၇ (၂) အရ ထောင်ဒဏ် ၅ နှစ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၁၉ နှစ် ကျခံစေရန် အမိန့်ချမှတ် ခဲ့သည် ၎င်းက ဆိုသည်။ တရားစွဲဆို ထားသည့် ပုဒ်မများအရ အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်များကို တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် ရှမ်းပြည်နယ် တရားလွှတ်တော်သို့ ယခုလအတွင်း အယူခံ ဝင်သွားမည် ဖြစ်ကြာင်း တရားခံများ၏ မိသားစုဝင်များက ပြောဆိုသည်။ တောင်ကြီးခရိုင် တရားရုံး၌ ယနေ့တွင် တရားရုံး အမိန့်ချ စီရင်ခြင်းကို တရားခံ မိသားစုဝင်များ၊ သတင်းမီဒီယာများ အပါအဝင် မည်သူ တဦးတယောက်ကိုမျှ ဝင်ရောက် နားထောင်ခွင့် မပြုခဲ့ပေ။ တရားခံ တဦးနှင့် ဆွေမျိုးတော်စပ်သူ တဦးက “နိုင်ငံရေးလည်း မလုပ်ဘူး။ ဘာသာရေးလည်း မလုပ်ဘူး။ ဂျီဟတ် စစ်ပွဲလည်း မပါဝင်ဘူး။ ဒီစွပ်စွဲခံရတဲ့ သူတွေနဲ့လည်း တယောက်နဲ့မှ မသိဘူး။ ဒီမင်္ဂလာဆောင်ကိုလည်း လူမှုရေးအရ ဧည့်သည် အနေနဲ့ လိုက်သွားရင်း ဖြစ်ရတာ” ဟု ပြောသည်။ ဖမ်းဆီး ထောင်ချခံရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တချို့မှာ လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ဖြစ်ကြကြောင်း ရှေ့နေ ဦးသိန်းရွှေက ပြောသည်။ ထိုအမှုကို တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ (ပ) ၁၈၂ /၂၀၁၄ ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခဲ့ သော်လည်း တောင်ကြီးခရိုင် တရားရုံးသို့ အမှုစွဲတင်ရာတွင် နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည)၊ ပုဒ်မ ၅ (ဌ) တို့ဖြင့် တရားစွဲဆိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကျင်းပမည့် အစ္စလမ် ဘာသာဝင် ဗလီဆရာ တဦး၏ မင်္ဂလာပွဲကို လိုက်ပါလာသည့် တောင်ကြီးမြို့နှင့် ကျောက်ဆည်မြို့မှ အစ္စလမ် ဘာသာဝင် ၁၄ ဦးကို ကွန်ဟိန်းမြို့ ခြေလျင်တပ်ရင်း (ခလရ) ၂၄၆ တပ်ရင်းရှေ့ ပြည်ထောင်စု လမ်းမကြီးပေါ်၌ စစ်ဘက်ရေးရာ လြုံခုံရေး တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်၊ တောင်ကြီးမြို့မှ လူ ၄ ဦးနှင့် ကွန်ဟိန်းမြို့မှ မင်္ဂလာစုံတွဲကိုပါ ထပ်မံ ဖမ်းဆီးခဲ့သည့် အတွက် စုစုပေါင်း လူ ၂၀ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။ အဆိုပါ အမှုကို စစ်ဆေးကြားနာတိုင်း ၉၆၉ အဖွဲ့မှ ဘုန်းတော်ကြီးများ လာရောက် နားထောင်ကြကြောင်း၊ အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် အတွက် လူမှုကွန်ရက် facebook မှ တဆင့် ၉၆၉ အဖွဲ့ဝင် တဦး၏ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရကြောင်း တောင်ကြီးမြို့ခံ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဧရာဝတီကို ပြောသည်။ တောင်ကြီးခရိုင် တရားရုံးတွင် ထိုအမှုကို စစ်ဆေးနေစဉ် ကာလအတွင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ ရဲမှူးချုပ် ၀င်းခေါင်က ယင်းတရားခံများသည် အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု ရှိကြောင်းနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ကို ၀န်ခံထားကြောင်း RFA သတင်းဌာနကို ပြောဆိုထားသည်။

Welcome